၉ နှစ်အချိန်ယူခဲ့ရတဲ့ တူတန်ခမန်သချိုင်းဂူ ပြင်ဆင်မွမ်းမံရေးလုပ်ငန်း ပြီးမြောက်

intl-short-001.jpg

၉ နှစ်အချိန်ယူခဲ့ရတဲ့ တူတန်ခမန်သချုၤ ိင်းဂူ ပြင်ဆင်မွမ်းမံရေးလုပ်ငန်း ပြီးမြောက်

ရှေးဟောင်းအီဂျစ်နိုင်ငံမှာ ကလေးဘဝကတည်းက ဘုရင်အဖြစ် တင်မြှောက်ခံခဲ့ရတဲ့ တူတန်ခမန်ရဲ့ သချုၤ ိင်းဂူကို ၉ နှစ်အချိန်ယူပြီး ပြင်ဆင်မွမ်းမံတဲ့ လုပ်ငန်းက ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ အဲဒါကြောင့် တူတန်ခမန်သင်္ချု ိင်းဂူကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဖြေရှင်းပြီးသား ဖြစ်သွားခဲ့ပါတယ်။ သင်္ချု ိင်းဂူကို လာရောက်လည်ပတ်သူတွေကြောင့် နံရံဆေးရေးပန်းချီတွေမှာ အစင်းရာတွေထင်ပြီး ပွန်းပဲ့နေတာကို Getty Conservation Institute ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ပြင်ဆင်မွမ်းမံခဲ့ပါတယ်။

သင်္ချု ိင်းဂူထဲကို ဝင်ရောက်လာသူတွေဆီက စိုထိုင်းဆ၊ ဖုန်မှုန့်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကလည်း နံရံဆေးရေးပန်းချီတွေအပေါ် ထိခိုက်မှုရှိစေပါတယ်။ နံရံဆေးရေးပန်းချီတွေပေါ်မှာ တွေ့ရတဲ့ အညိုစက်တွေကတော့ အချိန်တော်တော်ကြာကတည်းက သေဆုံးခဲ့တဲ့ ပိုးမွှားတွေကနေ ချေးတက်နေတာဖြစ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ပညာရှင်တွေက မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီအညိုစက်တွေက ဆေးသားထဲကို စိမ့်ဝင်နေလို့ ဖယ်ရှားပစ်ခဲ့ခြင်းမရှိပါဘူး။

တူတန်ခမန်သင်္ချု ိင်းဂူထဲမှာ လေဝင်လေထွက်ကောင်းဖို့ စနစ်သစ်တပ်ဆင်ခဲ့လို့ သန့်ရှင်းမှုလုပ်ရတာတော့ သက်သာသွားမှာပါ။လာရောက်လည်ပတ်သူတွေအတွက် စင်မြင့်သစ်တွေ တည်ဆောက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အလင်းရောင်ကောင်းအောင် လုပ်ပေးခဲ့ပြီး စာညွှန်းတွေ ရေးသားထားလို့ သင်္ချု ိင်းဂူကို ရှင်းရှင်းလင်းလင်း မြင်ရမှာဖြစ်သလို သမိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားချက်တွေကိုလည်း ကောင်းကောင်းနားလည်စေမှာပါ။ ဒါပေမဲ့ နံရံပန်းချီတွေကို ထိတွေ့ကိုင်တွယ်လို့ မရအောင် အရံအတားသစ်တွေ တပ်ဆင်ခဲ့ပါတယ်။

တူတန်ခမန်သင်္ချု ိင်းဂူကို ၁၉၂၂ ခုနှစ်မှာ ဗြိတိန်ရှေးဟောင်းပညာရှင်တွေဖြစ်တဲ့ ဟောင်းဝပ်ကာတာနဲ့ ဂျော့ဟာဘတ်တို့က လူဇွာမြို့အနီးက ဘုရင့်တောင်ကြား(Valley of the Kings)ထဲမှာ တွေ့ရှိခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top