မာလီနိုင်ငံရှိ ခရီးသွားအပန်းဖြေစခန်းတွင် သေနတ်သမားပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံး

mali.png

အာဖရိကတိုက်အနောက်ပိုင်းက မာလီနိုင်ငံ အပန်းဖြေစခန်းတစ်ခုတွင် သေနတ်ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားရဲ့ ပစ်ခတ်မှုကြောင့်  လာရောက်လည်ပတ်သူတွေ ဒဏ်ရာရခဲ့ကြပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဒီတိုက်ခိုက်မှုဟာ  မွတ်စလင် အစွန်းရောက် ဝါဒီများရဲ့ ဂျီဟဒ်တိုက်ခိုက်မှု ဖြစ်ပြီး မာလီအထူးတပ်ဖွဲ့ဝင်များက  အချိန်မီ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် ဓားစာခံများ လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဓားစာခံ ၂ ဦး သေဆုံးခဲ့ရပါတယ်” လို့  မာလီနိုင်ငံ လုံခြုံရေးဝန်ကြီး ဆာလစ်တာရာအိုး (Salif Traore) က AFP သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ မာလီနိုင်ငံ အနောက်တောင်ဘက်ပိုင်း ကန်ဂါဘာ မြို့ရှိ ဇိမ်ခံ အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ (Le Campement )မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက်သမား ၄ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရရှိခဲ့တယ် လို့သိရပါတယ်။

မာလီအထူးတပ်ဖွဲ့ဝင်များဟာ အပန်းဖြေစခန်းမှာ ခရီးသွား ၃၂  ဦးကို ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရသူ ၂ ဦးရှိခဲ့တယ် လို့သိရပါတယ်။အကြမ်းဖက်သမားများကို ဖြိုခွင်းခဲ့ရာမှာ  မာလီအထူးတပ်ဖွဲ့ဝင်များ၊ကုလသမဂ္ဂ တပ်ဖွဲ့ဝင်များနဲ့ ပြင်သစ် အကြမ်းဖက်တန်ပြန်ရေးတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြပါတယ်။

မာလီနိုင်ငံမှာ အစွန်းရောက်ဝါဒီများဟာ ဘာသာရေးစစ်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆင်နွှဲနေခဲ့တာ ဖြစ်ပြီး နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို ကာလရှည် ခြိမ်းခြောက်ထားနိုင်ခဲ့တဲ့ သူပုန်အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ မာလီနိုင်ငံဟာ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကို ကြေညာထားရပြီး မာလီနိုင်ငံရဲ့ လုံခြုံရေးဟာ ၂၀၁၃ ခုနှစ်မှ စပြီး ပိုပို ဆိုးရွားလာခဲ့တဲ့အတွက် ပြစ်သစ်တပ်ဖွဲ့များနဲ့
ကုလသမ္မဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ဟာ မာလီနိုင်ငံရဲ့ လုံခြုံရေး တည်ငြိမ်စေရန် တပ်ချထားကြောင် းသိရပါတယ်။

Ref: (BBC) News; Mali attack: Two dead as gunmen storm tourist resort

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top