ဂီတလောကရဲ့ အသည်းကျော် ဖြစ်တဲ့ စိုင်းထီးဆိုင်

sai.jpg

အသံက ခပ်ဝဲဝဲ သီချင်းဆိုရင်လည်း သိပ်ပြီး ဟန်ပန် အမှုအရာတွေ မလုပ်တတ်။ ဆိုလိုက်တဲ့ သီချင်းတွေ အားလုံးကလည်း ခပ်ရိုးရိုးတွေချဉ်းပဲ။

သို့သော် ခုထိ သူ့သီချင်းတွေ ရှင်သန်လို့ နေဆဲ။ ရှမ်းပြည်နယ်မှာ မွေးတယ် အဆိုတော် ဖြစ်ချင်လို့ ကြိုးစားခဲ့တယ်။ ငယ်ငယ်တည်းက ဂီတကို ဝါသနာ ပါသူကြီးပေါ့။ လူသာ သေသွားပေမယ့် သူ့သီချင်းတွေဟာ အသစ်ဖြစ်လို့ နေပါတယ်။ ကလေး လူကြီး အားလုံးက သူ့သီချင်းတွေ ကြိုက်ကြတယ်။ ခဏခဏ နားထောင်လည်း ရိုးသွားတယ် ဆိုတာ မရှိ၊ ဂီတလောက အသည်းကျော် အဆိုတော်ကြီး စိုင်းထီးဆိုင်ပါ။

သူ့သီချင်းတွေဟာ ထပ်ခါထပ်ခါ ပြန်နားထောင်လေ ပိုပိုပြီး ကောင်းလာတဲ့ သီချင်းဆိုလည်း မှားမယ်မထင်။ သီချင်းဆိုရင်လည်း ဂီတာကြီးကိုလွယ် ကိုယ်တိုင် တီးခတ်ပြီးတော့ အားရာပါးရ ဆိုတတ်တဲ့ သူပါ။ ဒါကြောင့်လည်း အားလုံးကို သူ့ကို အားပေးကြတာလည်း ပါပါတယ်။

ပြီးခဲ့တာတွေ ပြန်မရနိုင်တော့ ပေမယ့် ရခဲ့တဲ့ အရာလေးတွေကိုတော့ အမှတ်တရ ရှိနေဆဲပါ။

စိုင်းထီးဆိုင် ကို လွှမ်းဆွတ်ခြင်း အမှတ်တရ

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top