ငွေဆိုတာကို နောက်ဆုံးမှ စဉ်းစားတယ်ဆိုတဲ့ Matrix မင်းသား Keanu Reeves

Keanu.jpg

Keanu Reeves လို့ အမည်ရတဲ့ မင်းသားကို အတော်များများ သိကြမှာပါ။ သူဟာ Matrix ရုပ်ရှင် စီးရီးနဲ့ အောင်မြင်လာသူ တစ်ဦး ဖြစ်ပြီး
ယနေ့တိုင် ဟောလိဝုဒ်မှာ အိမ်အတည်တကျ မနေထိုင်ပဲ တည်းခိုခန်း ဟိုတယ် တို့မှာသာ လှည့်ပတ်နေထိုင်နေတဲ့ ကနေဒါ မင်းသား တစ်ဦး ဖြစ်ပါတယ်။

သူ့ဘဝမှာ ကြမ်းတမ်းခဲ့ပြီး မွေးစားမိဘများဖြင့် ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ အာရှ ယဉ်ကျေးမှုကို နှစ်သက်ပြီး လေ့လာခဲ့ပါတယ်။ သူဟာ Matrix ရဲ့ ပထမဆုံး ဇာတ်ကား အောင်မြင်မှုမှ ရရှိတဲ့ ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ စလုံးကို ရုပ်ရှင် အဖွဲ့သား အခြေခံ အလုပ်သမား အားလုံးကို ခွဲတန်း ပြန်ချပေးခဲ့ပါတယ်။ ယနေ့တိုင် သူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကနေ ရတဲ့ ငွေအတော်များများ ကိုလည်း ဖောင်ဒေးရှင်းထောင်လို့ လှူဒါန်းမှုများ ပြုလုပ်လျက် ရှိပါတယ်။

သူ့ရဲ့ ညီမလေး၊ သားသမီးကော၊ ချစ်သူပါ ဆုံးရှုံးခဲ့တဲ့ ဒဏ်ရာလည်း ရှိတာကြောင့် တစ်ယောက်တည်း အေးအေးချမ်းချမ်း နေလိုတဲ့ ဆန္ဒလည်း ရှိပါတယ်။ လူတွေကြားထဲ သာမန်လူလို သွားလာရတာကိုလည်း နှစ်သက်ပြီး ကလေးတွေကို လမ်းမှာ တွေ့ရင်လည်း ရေခဲမုန့် ဝယ်ကျွေးတတ်သတဲ့။ သူ့ကို ဘာလို့ အင်တာဗျူး တစ်ခုက ဘာလို့ ငွေတွေကို ဇိမ်နဲ့ မသုံးစွဲပဲ ပေးလှူနေကြောင်းကို မေးတဲ့အခါ ယခုလို ဖြေပါတယ်။

“Money is the last thing I think about. I could live on what I have already made for the next few centuries,”

“ငွေဆိုတာ ကျွန်တော် အမြဲတမ်း နောက်ဆုံးမှ တွေးတဲ့အရာပါ။ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်စာလောက်အထိ စားလောက်ဖို့ ငွေ ပမာဏတစ်ခု ကျွန်တော့ဆီမှာ ရှိပြီးပြီလေ။  မင်းသားတစ်ဦး ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top