ပန်းတွေပျိုးတဲ့ လက်တစ်စုံ

ဆန္ဒနဲ့ ဘဝဆိုတာ ထပ်တူကြဖို့ မလွယ်ကူလှပါဘူး။ အဲဒီအရာနှစ်ခု ထပ်တူမကျခဲ့ပေမဲ့ မလျော့တဲ့ ဇွဲလုံ့လ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ၁၇ နှစ်ကျော်ကြာတဲ့တိုင်အောင် အင်္ဂလိပ်ဆရာမတစ်ဦးအဖြစ် ရပ်တည်နေနိုင်နေသူကတော့ တီချယ်လီလီဖြစ်ပါတယ်။

ဘဝတစ်ဆစ်ချိုးအပြောင်းအလဲမှာ မိမိဝါသနာ ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးခဲ့ပေမဲ့ ခိုင်​မာတဲ့ဆုံးဖြတ်ချက်တွေနဲ့သူကိုယ်တိုင် သူ့ရဲ့ဒုတိယဘဝကို ရွေးချယ်ထုဆစ်ခဲ့တာပါ။

အလုပ်မှာ ဘယ်လောက်ပဲ အခက်အခဲတွေကြုံကြုံ အပြုံးမပျက်ဘဲ ကြိုးစားခဲ့မှုတွေကြောင့် တစ်နေ့ထက်တစ်နေ့အလုပ်မှာ ပိုအသားကျခဲ့ပြီး အခုဆိုကိုယ်ပိုင်သင်တန်းကျောင်းတစ်ခုတောင် ဖွင့်လှစ်နိုင်နေပါပြီ။

အခုလည်း ငွေကြေးမတတ်နိုင်ပေမဲ့ အင်္ဂလိပ်စာတတ်မြောက်လိုကြတဲ့ ကျောင်းသား ကျောင်းသူတွေအတွက်လည်း ပညာဒါနသင်တန်းတစ်ခုကို ဖွင့်လှစ်ထားပါသေးတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top