မနက်ဖြန်မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံပြီ

myanschools1a-080559G.jpg

ယခုနှစ် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် မနက်ဖန် (မေလ ၂၄ရက်နေ့) ကစပြီး ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းများ၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၅ ရက်နေ့ကနေ ၃၁ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

ကျောင်းအပ်ရာတွင်လည်း ဝန်ကြီးဌာနက မိဘနှင့် ဆရာမများလိုက်နာရန် အချက်များ ထုတ်ပြန်ထားပြီး ကျောင်းဆရာမများကို ငွေကြေးလက်ဆောင်များ ပေးအပ်ခြင်းမပြုရန် နှင့် ကျောင်းဆရာမများကလည်း ငွေကြေးကောက်ခံခြင်း၊ အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်း၊ အခြားသောပစ္စည်းများကို ရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် တိုင်ကြား၊ အကြံပေးချက်များအတွက် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် ၁၃၊ နေပြည်တော် (သို့မဟုတ်) [email protected] ကို ပေးပို့နိုင်ကြောင်းဖော်ပြထားသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top