နှစ်ရက်အတွင်း ကြည့်တဲ့သူ ၁.၉ သန်းကျော်ခဲ့တဲ့ Elllie Goulding ရဲ့ သီချင်းသစ် ‘First Time’

kygo-ellie-goulding-first-time.jpg

Outside, Love Me Like You Do တို့လို သီချင်းတွေကြောင့် နာမည်ပိုကြီးလာတဲ့ ဗြိတိန် အဆိုတော်မလေး Ellie Goulding ဟာ DJ Kygo နဲ့ ပူးပေါင်းပြီး ‘First Time’ အမည်ရှိ တဲ့ Music Video ကို လွန်ခဲ့တဲ့ နှစ်ရက်က Youtube ပေါ်မှာ ဖြန့်ချီလိုက်ပါတယ်။

မေလ ၂၂ရက်နေ့ကတည်း ဖြန့်ချီခဲ့တဲ့ အဲဒီသီချင်းက နှစ်ရက်အတွင်းမှာပဲ ကြည့်တဲ့သူ ၁.၉ သန်းကျော်ရှိနေပါပြီ။

ဒီသီချင်းထဲမှာ ဆယ်ကျော်သက်အရွယ် ငယ်ရွယ်စဉ်မှာ ကြုံခဲ့ရတဲ့ အချစ်အကြောင်းကို ရည်ညွှန်း သီဆိုထားတာဖြစ်ပြီး သီချင်း အမျိုးအစာကတော့ ကလို့ကောင်းစေမယ့် EDM အမျိုးအစား ဖြစ်ပါတယ်။

လိုက်ဆိုရလွယ်စေမယ့် သီချင်းစာသားတွေဖြစ်တဲ့

“We were high and we were sober

We were under, we were over,

We were young and now I’m older.

But I’d do it all again”

တို့လို Chorus ပိုဒ်လေးတွေက တေးချစ်သူတွေကို နှစ်သက်မိစေမှာပါ။

Music Video Link>>https://www.youtube.com/watch?v=OlH1RCs96JA

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top