ညနေခင်းတစ်ခုမှာ စားသောက်ဆိုင်ကို သားအဖနှစ်ယောက် ရောက်လာကြတယ်။ အဖေလုပ်သူက တော်တော်အိုမင်းနေပါပြီ။ တုန်တုန်ရီရီ ဖြစ်နေလို့ အစားစားရင်း သူ့ဘောင်းဘီပေါ်ကို စားစရာတွေ ဖိတ်ကြကုန်တယ်။
စားစရာတွေ ခဏခဏ ဖိတ်ကြကုန်လို့ ဘေးဝိုင်းတွေက သူတို့သားအဖကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ပေမဲ့ သားဖြစ်သူကတော့ ခပ်အေးအေးပါပဲ။ စားသောက်လို့ ပြီးသွားချိန်မှာ သားဖြစ်သူက အဖေကို သန့်စင်ခန်းထဲ ခေါ်သွားပေးပြီး ပေကျံနေတာတွေကို ဆေးကြော သန့်စင်ပေးတယ်။ ပြီးတော့ မျက်မှန်ကို သေသေချာချာ ပြန်ပြင်တပ်ပေးပြီး ဘီလ်ရှင်းကြတယ်။
ဘေးဝိုင်းတွေကတော့ သူတို့တွေ ဒီလောက်ဝိုင်းကြည့်နေတာတောင် သားလုပ်သူက ဘာကြောင့် ရှက်ရွံ့ဟန်မပြတာလည်းဆိုပြီး တွတ်ထိုးပြောနေကြတာပေါ့။ သူတို့သားအဖ ဆိုင်ထဲက ထွက်သွားချိန်မှာ ဆိုင်ထဲကနေ အဘိုးကြီးတစ်ယောက် ထွက်လာပြီး ” မင်း တစ်ခုခုများ ကျန်နေခဲ့တယ်လို့ မထင်ဘူးလား ကောင်လေး” လို့ လှမ်းမေးတယ်။
သားလုပ်သူက ” ကျွန်တော် ဘာမှ မကျန်ခဲ့ပါဘူးခင်ဗျာ” လို့ ပြန်ပြောပေမဲ့ လူကြီးကတော့ မင်း တစ်ခုခု ကျန်ခဲ့တာ သေချာပါတယ်ကွာ။” သားတိုင်း သင်ခန်းစာယူဖို့၊ အဖေတိုင်းရဲ့ မျှော်လင့်ချက်က ဒီလိုဆိုတာ မင်း ချန်ရစ်ခဲ့တဲ့ အရာပါပဲ”
Ref: Father Son Story
Team (ရိုးရာလေး)