မြန်မာပြည်မှ မျက်နှာပေါ်တွင် ရိုးရာတက်တူးထိုးထားသော ချင်းအမျိုးသမီးများ

yyl-24-030.jpg

မြန်မာနိုင်ငံရှိ အချို့ချင်းလူမျိုးများ အကြားတွင် ချင်းအမျိုးသမီးများသည် မျက်နှာပေါ်တွင် ပင့်ကူအိမ်ပုံစံ အနက်ရောင် တက်တူးများထိုးသည့် ရိုးရာတစ်ခု ရှိခဲ့သည်။ ထိုတက်တူးထိုးသည့် ရိုးရာကို အမျိုးသမီးများသည် အသက်ကိုးနှစ် အရွယ်ကပင် စ၍ ထိုးလေ့ရှိသည်။ ထိုကဲ့သို့ မျက်နှာပေါ်တွင် တက်တူးများထိုးသည့် လုပ်ဆောင်မှုသည် မျက်နှာတစ်ပြင်လုံး မျက်ခွံများပါမကျန် ထိုးကြသည့် အတွက် အလွန်ပင် နာကျင်ရသည် ဟုဆိုသည်။

ကျေးရွာတစ်ခုစီတိုင်းသည် မတူညီသော တက်တူးပုံစံများ ထိုးတတ်လေ့ရှိသည်။ ထိုသို့ တက်တူးများထိုးခြင်းဖြင့် အမျိုးသမီးများ ဘယ်ရွာဇာတိက ဟုသိနိုင်သည်။ ရိုးရာအရတော့ ထိုကဲ့သို့ တက်တူးထိုးခြင်း အလေ့အကျင့်သည် ရခိုင် ပြည်ရှိ ဘုရင် နှင့် နန်းတွင်းမှ အမျိုးသားများအား ချင်းအမျိုးသမီး ငယ်လေးများကို တော်ကောက်ခြင်း၊ ပိုးပန်းခြင်းကို တားမြစ်သော ရည်ရွယ်ခြင်းဖြစ်ခဲ့သည်။ ထိုကဲ့သို့ တက်တူးများ မျက်နှာပေါ်တွင် ရေးထိုးထားခြင်းဖြင့် ချင်းအမျိုးသမီးများ၏ အရွယ်ရောက်လာသော အမျိူးသမီးတို့၏အလှကို အမှတ်အသားများ ပြုလုပ်ခြင်းသဘောဆောင်သည်။

သို့သော် တက်တူးများထိုးသည့် ရိုးရာကို ၁၉၆၀ ခုနှစ်တွင် အစိုးရက တားမြစ်ခဲ့ပြီး ထိုရိုးရာသည်လည်း ချင်းကျေးရွာများတွင် ပျောက်ကွယ်လို့ လာခဲ့သည်။ မည်သို့ပင်ဆိုစေ ယနေ့ထိတိုင် အချို့သော ချင်းအမျိုးသမီးကြီးများကို ရိုးရာ တက်တူးများဖုံးလွမ်းနေသော အလှနှင့် တွေ့ရတတ်သည်။ အချို့သော ယနေ့ခေတ် ချင်းအမျိူးသမီးငယ်များပင် တက်တူးများထိုးသည့် ရိုးရာကို ဆက်လက်ထိန်းသိမ်းရန် ရွေးချယ်ကြသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top