အချစ်ဦးနဲ့လက်ထပ်သွားခဲ့တဲ့ လီယွန်နယ်မက်ဆီ

Argentina-Soccer-Mess_Nava.jpg

အာဂျင်တီးနားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရိုဆာရီယိုမြို့ (Rosario) မှာ လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ငယ်ချစ်ဦးဖြစ်သူ အန်တိုနီလာ ရိုကဒ်ဇို(Antonela Roccuzzo) နဲ့ လက်ထပ်မင်္ဂလာပွဲကိုပြုလုပ်ခဲ့ပါတယ်။  ရိုဆာရီယိုမြို့ (Rosario)ဟာ မက်ဆီနဲ့ ရိုကဒ်ဇို တို့ရဲ့မွေးရပ်မြေလည်း ဖြစ်တဲ့အပြင် သူတို့ နှစ်ဦး စတွေ့ခဲ့တဲ့မြို့လည်းဖြစ်တဲ့အတွက် သူတို့၂ ဦး တွေ့ပြီး နှစ်ပေါင်း ၂၀ အကြာမှာ လက်ထပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 “မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့ပေါ်ကစုံတွဲတိုင်းလက်ထပ်ချင်ကြတဲ့ နေရာတွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပေမဲ့ သူ့မွေးဖွားကြီးပြင်းရာဇာတိမြို့ဖြစ်တဲ့  ရိုဆာရီယို (Rosario) မှာပဲလက်ထပ်ခဲ့ပါတယ် ”လို့ မက်ဆီ နယူးဝဲလ်အိုးဘွိုင်းအသင်း (Newell’s Old Boys)မှာ ကစားခဲ့စဉ် နည်းပြလုပ်ခဲ့သူ အန်းနရစ်ဒိုမင်ဂွဇ်(Enrique Domínguez) ကပြောခဲ့ပါတယ်။

မက်ဆီနဲ့ ရိုကဒ်ဇို တို့ရဲ့ ပါတ်သတ်မှုဟာ မက်ဆီ ဘာစီလိုနာအသင်းကြီးမှာ ကစားစဉ်အစောပိုင်းအချိန်တွေတုန်းက လူသိပ်မသိခဲ့ကြပေမဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲစဉ်မကစားခင်အချိန်မှစပြီး မီဒီယာတွေမှာဖော်ပြခြင်းခံခဲ့ရတာဖြစ်ပြီး ယခုဆိုရင် မက်ဆီနဲ့ ရိုကဒ်ဇို တို့မှာ ၄ နှစ်အရွယ် သားလေး သီယာဂို (Thiago) နဲ့ တစ်နှစ်အရွယ်သားလေး မာတီယို (Mateo)တို့ ၂ ယောက်ရှိနေပြီဖြစ်ပါတယ်။

လက်ထပ်မင်္ဂလာပွဲကျင်းပရာ ဟိုတယ်ကို အများပြည်သူဝင်ခွင့်မပြုပဲ TV ဖန်သားပြင်မှ ထုတ်လွှင့်ပေးခဲ့ပြီး မက်ဆီရဲ့ အသင်းဖော်တွေဖြစ်တဲ့ နေမာ၊ ပီကေးနဲ့ ရှာကီယာ၊ ဆွာရာဇ် တို့အပါအဝင် လူအယောက် ၂၅၀ ခန့်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

မက်ဆီလက်ထပ်ပွဲကျင်းပခဲ့တဲ့နေရာဟာ ရိုဆာရီယိုမြို့ (Rosario)ရဲ့ မူးယစ်ဆေးဝါးဂိုဏ်းသားများကြီးစိုးရာ လက်စ်ဖလောရိစ် (Las Flores) ပိုင်နက်ထဲမှာဖြစ်ပြီး မက်ဆီရဲ့ မင်္ဂလာပွဲအတွက် တပ်ဖွဲ့အမျိုးမျိုးမှ လုံခြုံရေးတပ်သားပေါင်း ၃၅၀ ခန့်စောင့်ရှောက်ပေးခဲ့ရတယ်လို့သိရပါတယ်။ မက်ဆီရဲ့လက်ထပ်ပွဲဟာ ဇွန်လ ၃၀ ရက် ဒေသစံတော်ချိန် 7 P.M မှာကျင်းပခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုက အမြွာကလေးများရဲ့အဖေဖြစ်သွားကြောင်း ကြေညာအပြီးမှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

Ref : CNN News : Lionel Messi marries childhood sweetheart Antonela Roccuzzo in hometown of Rosario

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top