ဘွန်ဒက်စ်လီဂါကြယ်ပွင့်သုံးယောက်က အမေရိကန်ရဲတပ်ဖွဲ့ရဲ့ရက်စက်မှုကို ဆန့်ကျင်တိုက်ဖျက်ဖို့ ထောက်ခံအားပေးတဲ့ပုံစံမျိုး အောင်ပွဲခံ

1-6-2020-yyl-009.jpg

ဒီတစ်ပတ် ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဂိုးသွင်းခဲ့ပြီးနောက် ကစားသမား ၃ ယောက်က အမေရိကန်ရဲတပ်ဖွဲ့ရဲ့အင်အားသုံးရက်စက်မှု၊ လူမျိုးရေးခွဲခြားမှုတွေအပေါ် ဆန့်ကျင်တိုက်ဖျက်ဖို့ ထောက်ခံအားပေးကြောင်း ပြသခဲ့ပါတယ်။ ပက်ဒါဘွန်းကို ၁-၆ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒေါ့မွန်ကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဟာကီမီတို့က ” ဂျော့ဖလွိုက်အတွက် တရားမျှတမှု”လို့ ရေးသားထားတဲ့ အောက်ခံအင်္ကျီတွေကို ပြသပြီး အောင်ပွဲခံခဲ့ကြပါတယ်။ အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဖလွိုက်ဟာ စတိုးဆိုင်မှာ ပိုက်ဆံအတုနဲ့ ဈေးဝယ်ခဲ့တယ်လို့ သံသယရှိခံရပြီး ဖမ်းဆီးခံရသူပါ။

ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးချိန်မှာ ရဲအရာရှိတစ်ယောက်က သူ့ဇက်ကို ဒူးနဲ့ဖိထားခဲ့ပါတယ်။ ဂျော့ဖလွိုက်က အသက်ရှူမရတော့ဘူးလို့ ပြောပေမဲ့ ရဲအရာရှိကတော့ ဒူးကို ဖယ်မပေးခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဂျော့ဖလွိုက် သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံတစ်ဝန်းမှာလည်း ဒီဖြစ်ရပ်ကြောင့် ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။ မိုချန်ဂလက်ဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်ကလည်း ယူနီယံဘာလင်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် ဒူးထောက်နေတဲ့ အမူအရာနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ရဲအရာရှိက ဂျော့ဖလွိုက်ရဲ့ဇက်ကို ဒူးနဲ့ဖိထားတဲ့ဖြစ်ရပ်ကို ရည်ညွှန်းခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top