အိုင်းရင်းဇင်မာမြင့် ပြောစကားများကို ပြန်တုံ့ပြန်လိုက်တဲ့ ကောင်းကောင်း

27-7-2020-yyl-024.jpg

ချစ်သူသက်တမ်း ရှစ်နှစ်ကြာ တွဲခဲ့ပြီး လမ်းခွဲရတဲ့အကြောင်းအရင်းများကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့် ပြောစကားများကို ချစ်သူဟောင်း အဆိုတော် ကောင်းကောင်း က ပြန်တုံပြန်လိုက်ပါတယ်။

မေလ ၁၆ ရက်နေ့ညပိုင်းက အိုင်ရင်းဇင်မာမြင့်က လူမှုကွန်ရက်ပေါ်မှာ Live ဗီဒီယို ထုတ်လွှင့်ပြီး ခံစားချက်များကို ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာ ကောင်းကောင်းနဲ့ လမ်းခွဲခဲ့တာ ၆ လလောက်ရှိပြီး ဒီလိုလမ်းခွဲရတာကလည်း အခြားမိန်းကလေးတစ်ဦးကို လက်ထပ်ခဲ့တာကြောင့်လို့ ဆိုထားပါတယ်။

ဒီမိန်းကလေးနဲ့ ခိုးပြေးမှသာ ပတ်သတ်မှုကို သိခဲ့ရတာဖြစ်ပြီး မိန်းကလေးမှာ ကိုယ်ဝန်လွယ်ထားရတဲ့အတွက်က်လည်း ကောင်းကောင်းက လက်ထပ်ခဲ့တာဖြစ်တယ်လို့လည်း ဗီဒီယိုဖိုင်ထဲမှာ အိုင်ရင်းဇင်မာမြင့်က ထည့်ပြောသွားပါသေးတယ်။

ဒါပေမယ့် မေလ ၁၇ ရက်နေ့ညပိုင်းမှာတော့ လူမှုကွန်ရက်ပါ်မှာ ကောင်းကောင်းက ပြန်လည်တုံပြန်ထားတဲ့ ဗီဒီဖိုင်တစ်ခု ပျံနှံလာပါတယ်။

ချစ်သူဟောင်းမှာ အနုပညာနှင့် မိသားစုအပေါ်တွင် ချုပ်ချယ်လွန်းတဲ့သူဖြစ်ပြီး ချစ်သူဟောင်းကြောင့် အနုပညာအခွင့်အရေးများလည်း လက်လွှတ်ခဲ့ရကြောင်း ကောင်းကောင်းက ဆိုထားပါတယ်။

လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ လက်ရှိချစ်သူမှာ သူနဲ့သူ့ မိသားစုပေါ်မှာ နားလည်ပေးနိုင်သူဖြစ်ပြီး စွပ်ဆွဲထားသလို ကိုယ်ဝန်ရှိနေတာလည်း မဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်လိုက်တာပါ။

ကောင်းကောင်းနဲ့ အိုင်ရင်းဇင်မာမြင့်တို့နှစ်ဦးက မယ်လိုဒီဝေါ အဆိုပြိုင်ပွဲက တဆင့် အောင်မြင်လာတဲ့ အဆိုတော်တွေဖြစ်ကြပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top