ပြည်တွင်းခရီးသွားတွေ ရန်ကုန်ဝင်ရင် Quarantine မဝင်ရ ရပ်ကွက်၊ ကျေးရွာက လက်မခံတာမျိုးရှိရင် အကူအညီတောင်းခံနိုင်ဟုဆို

21-4-2020-yyl-006-1.jpg

ရန်ကုန် ဧပြီ ၂၁

ပြည်တွင်းခရီးသွားတွေအနေနဲ့ ရန်ကုန်မြို့အဝင်လမ်းတွေမှာ ကျန်းမာရေးစစ်ဆေးပြီးဖြစ်တဲ့အတွက် ရပ်ကွက်၊ ကျေးရွာတွေအတွင်းကို ပြန်လည်ရောက်ရှိလာရင် Quarantine ဆောင်ရွက်ဖို့ မလိုအပ်ကြောင်းကို ခရိုင်အလိုက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မဟာသင်္ကြန်ရုံးပိတ်ရက် ကာလအတွင်းမှာ ရန်ကုန်တိုင်းကနေ အခြားတိုင်းနဲ့ပြည်နယ်တွေကို ခရီးသွား ရောက်ပြီး ရန်ကုန်တိုင်းကို ပြန်လည်ဝင်ရောက်ရာမှာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေက လက်မခံတဲ့ ပြဿနာမျိုးတွေ ရှိလာခဲ့ပါတယ်။

”အဲဒီအခြေအနေတွေကြောင့်ပဲ ဒီစာကိုထုတ်တာပါ။ အဲဒီပြဿနာတွေက တောက်လျှောက်ကြီးထွား လာတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒီညွှန်ကြားချက်အရ ထွေအုပ်ကနေ ပြန်လည်ထုတ်ပြန်လိုက်တာပါ” လို့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

ရန်ကုန်တိုင်း မြို့အဝင် ၇ နေရာမှာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်နေတဲ့အပြင် သူတို့ရဲ့ ဓါတ်ပုံ မှတ်တမ်းတွေကိုပါ တပါတည်း ရယူဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် Quarantine ဆောင်ရွက်ရန် မလိုအပ်ဘူးလို့ အတိအလင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို ညွှန်ကြားထားပြီးဖြစ်တဲ့အပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေထံကိုလည်း ဖြန့်ဝေပြီးဖြစ်တဲ့ အတွက် ဒီလိုပြဿနာတွေရှိနေသေးတယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းက လူတွေကို အကူအညီတောင်းခံနိုင်တယ်လို့လည်း ဦးမြတ်မင်းသူက ဆိုပါတယ်။

ဒီပြဿနာတွေဟာ ရွှေ့ပြောင်းလုပ်သားများတဲ့ လှိုင်သာယာမြို့နယ်မှာ အများဆုံးဖြစ်နေတာဖြစ်ပြီး အရင်က နယ်ကပြန်လာတဲ့သူတွေကို နေထိုင်ကြောင်းနဲ့ ကျန်းမာရေးထောက်ခံချက်ရယူပြီး ဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top