အချစ်ကြောင့် မင်းသမီးဘွဲ့ စွန့်လွှတ်ရနိုင်ဖွယ်ရှိနေတဲ့ ဂျပန် တော်ဝင်မင်းသမီး

Webp.net-resizeimage-11-3.jpg

ဂျပန်နိုင်ငံ ဧကရာဇ်ရဲ့ မြေးတော်ဖြစ်တဲ့ တော်ဝင်မင်းသမီး Mako ဟာ သူမရဲ့ နန်းတွင်းအဆောင်အယောင်တွေနဲ့ မင်းသမီးဘွဲ့ကိုပါ စွန့်လွှတ်ရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ဘာကြောင့်လဲဆိုတော့ သူမချစ်သူက သာမန်အရပ်သားဖြစ်နေလို့ပါပဲ။

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ မင်းသမီး Mako ဟာ ချစ်သူနဲ့ လက်ထပ်လိုက်မယ်ဆိုရင် နန်းတွင်းစည်းမျဉ်းတွေအရ သူမက တော်ဝင်မင်းသမီးအဖြစ် ဆက်လက်သတ်မှတ်ခံရမှာ မဟုတ်တော့ဘဲ သာမန်လူအဖြစ်နဲ့ ရပ်တည်ရတော့မှာပါ။

မင်းသမီးရဲ့ အသဲနှလုံးကို ခိုးယူထားတဲ့ Kei Komuro နဲ့ မင်းသမီးဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလလောက်က တက္ကသိုလ်တက်စဉ်မှာ ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ရှေးရိုးဆန်တဲ့ နန်းတွင်း စည်းမျဉ်းတွေကတော့ ဒီလိုမျိုး အရပ်သားနဲ့ လက်ထပ်တာကို တင်းတင်းကြပ်ကြပ် ပြဌာန်းထားပါတယ်။ မင်းသမီး Mako ရဲ့ အဒေါ်ဖြစ်သူ၊ ဧကရာဇ်ရဲ့ သမီးဖြစ်သူတုန်းကလည်း သာမန်အရပ်သားနဲ့ လက်ထပ်ခဲ့သေးပါတယ်။

တော်ဝင်မိသားစုထဲမှာ မင်းသမီး Mako အပါအဝင် လက်မထပ်ရသေးတဲ့ မင်းသမီး ၆ ဦး ရှိနေပါသေးတယ်။

မင်းသမီး Mako က အချစ်အတွက်ကြောင့် မင်းသမီးဘွဲ့ကို တကယ်ပဲ စွန့်လွှတ်တော့မှာလား။ ချစ်သူကို စွန့်လွှတ်ပြီး တော်ဝင်မင်းသမီးဘဝနဲ့ ဆက်နေမှာလား။ စာဖတ်ပရိသတ်တွေဆိုရင်ရော ဘယ်လမ်းကို ရွေးချယ်မှာလဲ။

Ref:CNN news; Japanese Princess Mako set to marry ‘Prince of the Sea’

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top