ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ညစာစားပွဲ အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်မည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဒုတိယအကြိမ် ရန်ပုံငွေညစာစားပွဲတော်ကို အောက်တိုဘာလ ၅ ရက်မှာ Sedona Hotel Yangon အတွင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁၀၀ နှုန်းနဲ့ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အဲဒီညစာစားပွဲမှာ လေလံတင်ပစ္စည်းတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ကြေးသွန်းပန်းပုရုပ်ထု၊ ဖန်ထည်ပန်းအိုးတစ်လုံး၊ ကျောက်စိမ်းပုတီးလည်ဆွဲနဲ့ လက်ကောက်တွေကို ရောင်းချသွားမှာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်က စတင် တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အားနည်းတဲ့အရပ်ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနဲ့ သဘာ၀ဘေးအန္တရာယ်ခံစားနေရတဲ့ဒေသတွေမှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ပေးလျက်ရှိပါတယ်။

Cherry
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top