ဘယ်နိုင်ငံသူတွေက ကမ္ဘာပေါ်မှာ အလှဆုံးလဲ

41524257_2110708698993091_2887910892861652992_n.jpg

လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်နော်.. ဘယ်လိုပုံစံကမှ လှတယ်လို့ တိတိကျကျ ပြဌာန်းထားတာမျိုး မရှိပါဘူး။ သွားမညီတာလေးကလည်း တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုတစ်ခု ဖြစ်သွားတတ်သလို

နှုတ်ခမ်းလေး ထော်နေတာလေးကမှ ချစ်စရာကောင်းနေပြန်တာလည်း ဖြစ်တတ်ပါတယ်။

လူတွေက အကြိုက်ကိုယ်စီ ရှိကြတာမို့ လှတယ်ဆိုတာက အမျိူးမျိုး ဖြစ်နိုင်ပါတယ်။ လူအများစု လက်ခံထားတဲ့ အလှမျိုးနဲ့ မိန်းကလေးတွေ အများဆုံးရှိကြတာက ဘယ်နိုင်ငံဖြစ်မလဲ ကဲ.. ကြည့်လိုက်ရအောင်။

၁။အမေရိကန်

အမေရိကန်သူတွေဟာ ကျော့ကော့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ စမတ်ကျနေသူတွေပါ။ နှစ်လိုဖွယ်ကောင်းတဲ့ အလှပိုင်ရှင်တွေဆိုတာကတော့ သံသယ ဖြစ်စရာ မရှိအောင် သေချာလွန်းပါတယ်။

၂။ ဩစတေးလျ

ကမ်းခြေရောက်ရင်တွေ့ရတဲ့ အလှဆုံးကောင်မလေးတွေတိုင်းက ဩစတေးလျသူတွေ ဖြစ်နေတတ်ပါတယ်။ မယုံမရှိပါနဲ့နော်။

၃။ အိန္ဒိယ

ကမာ႓ကြီးကို ပြိုကျသွားစေနိုင်လောက်တဲ့ အလှမျိူးတွေကို အိန္ဒိယသူတွေဆီမှာ တွေ့ရတတ်ပါတယ်။

၄။ ဗြိတိန်

ယုံကြည်မှုအပြည့်ရှိတဲ့ ပုံစံနဲ့ ညှို့ငင်ပြီး စွဲမက်သွားအောင် ဖမ်းစားခံချင်ရင်တော့ ဗြိတိန်သူတွေ အနားကို ရောက်အောင်သွားကြည့်လိုက်ပါ။ ပါးရိုးလေးတွေကို မြင်တာနဲ့တင် သေလို့ရလောက်ပါတယ်။

၅။ ဘရာဇီး

သဘာဝအသားအရေလေးနဲ့ ညိုချောလေးတွေကိုမှ ချစ်တတ်တာဆိုရင်တော့ ဘရာဇီးသူလေးတွေကိုသာ ကျိန်းသေရွေးချယ်လိုက်ပါ။ ဘယ်လောက် စွဲမက်စရာကောင်းလဲဆိုတာ သိသွားစေရပါမယ်။

၆။ တောင်ကိုရီးယား

ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ နုနုရွရွကောင်မလေးတွေနဲ့ တီတီတာတာ ချစ်ချင်တာလား။ ဒါဆိုရင်တော့ တောင်ကိုရီးယားက ကောင်မလေးတွေကို ရည်းစားတော်လိုက်ပါ။ ပို့စ်အမျိုးမျိုးလည်း ပေးတတ်ပြီး ရူးခါသွားအောင် ဖမ်းစားခံရပါလိမ့်မယ်။

၇။ ဒိန်းမတ်

အေးအေးဆေးဆေးနဲ့ ခန့်ညားထည်ဝါတဲ့ အိန္ဒြေရှင်လေးကိုမှ လိုချင်တာလား ဒိန်းမတ်သူတွေ ရှိနေတာကို မေ့မပစ်လိုက်ပါနဲ့နော်။

၈။ ရုရှား

အရက်သောက်ပြီး ပါးလေးတွေနီလာရင် ကိုက်ဆွဲချင်စရာကောင်းအောင် ချစ်မွှေးတွေရှိတယ်ဆိုတာကတော့ တခြားသူတွေလို့ မထင်လိုက်ပါနဲ့။ ပင်ကိုချောတဲ့ ရုရှားသူတွေပါပဲ။

၉။ ကိုလံဘီယာ

အံ့ဩစရာကောင်းလွန်းတဲ့ အလှတွေကို ပိုင်ဆိုင်ထားတာကတော့ ကိုလံဘီယာသူတွေဆိုတာ မမေ့ပါနဲ့။ မယ်ပြိုင်ပွဲတွေဆိုလည်း သူတို့ကပဲ ထိပ်ဆုံးရောက်ရောက်လာတတ်တာ သက်သေပေါ့။

၁၀။ ဗင်နီဇွဲလား

မယ်ပြိုင်ပွဲတိုင်းမှာ ဆုအမြဲရတဲ့ နောက်ထပ်နိုင်ငံတစ်ခုကတော့ ဗင်နီဇွဲလားပဲ ဖြစ်ပါတယ်။ ဒါကတော့ တစ်ကမ္ဘာလုံးမှာ အချောဆုံးသူတွေ ရှိတာလို့တောင် တင်စားရလောက်တဲ့ အနေအထားပါ။

၁၁။ ကနေဒါ

ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်လေးတွေကိုမှ ချစ်ချင်တာလား။ ကနေဒါသူတွေနဲ့ တစ်ခါလောက် ဒိတ်ကြည့်ဖို့ အကြံပေးပါရစေနော်။

၁၂။ ယူကရိန်း

ယူကရိန်းသူတွေရဲ့ အလှကတော့ ဦးငှက်ရဲ့ စကားလုံးမရှိတဲ့ ကောင်းကင်လိုပါပဲ။ လှလွန်းလို့ ဘယ်လို စကားလုံးနဲ့ ဖော်ပြချီးကျူးရမှန်းကို မသိအောင် ဖြစ်သွားစေပါတယ်။

Ref : Sadcasm “Countries with the most beautiful women in the world”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top