ဝါးလုံးအချွန်တွေ ခန္ဓာကိုယ်အတွင်း စိုက်ဝင်ခဲ့ပေမဲ့ ကံကောင်းစွာနဲ့အသက်မသေခဲ့သူ

intl_001.jpg

တရုတ်နိုင်ငံတောင်ပိုင်းကလူတစ်ဦးဟာ ခန္ဓာကိုယ်အတွင်း ဝါးအချွန်ပေါင်း ၁၀ ခုစိုက်ဝင်ခဲ့ပေမဲ့ အသက်သေဆုံးမှုမရှိခဲ့ဘဲ ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့တယ်လို့ တရုတ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒီတရုတ်နိုင်ငံသားဟာ ဆိုင်ကယ်စီးလာချိန်မှာ

ရှေ့မှာရပ်ထားတဲ့ ဝါးလုံးတွေတင်လာတဲ့ကားကို အရှိန်နဲ့ဝင်တိုက်မိခဲ့ပြီး ကားမှာတင်လာတဲ့ ဝါးလုံးတွေက သူ့ခန္ဓာကိုယ်အတွင်း စိုက်ဝင်ခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ သွေးထွက်လွန်မှာစိုးရိမ်ကာ သူ့ခန္ဓာကိုယ်မှာစိုက်ဝင်နေတဲ့ ဝါးလုံးတွေကို ဖြတ်တောက်ခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ပါတယ်။ ဆေးရုံရောက်ရှိချိန်မှာတော့ ခန္ဓာကိုယ်အနှံ့မှာ စိုက်ဝင်နေတဲ့ဝါးလုံးတွေကို ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီး လက်ရှိအချိန်မှာ အခြေအနေကောင်းမွန်နေပြီလို့ သိရပါတယ်။

မျက်မြင်သက်သေတွေက ဝါးအချွန်တွေ ခန္ဓာကိုယ်အတွင်းကို စိုက်ဝင်ခဲ့ပေမယ့် အသက်မသေခဲ့တာဟာ အလွန်ကံကောင်းလို့သာ ဖြစ်တယ်လို့ ပြောနေကြပါတယ်။

Ref: Being hit by 10 bamboo rods survived the miracle

Kaung Htet Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top