ဒေါ်လာသန်း ၁၈၀ တန် လက်ဝှေ့ပွဲ

170712130156-mayweather-mcgregor-face-off-2-exlarge-169.jpg

အမေရိကန်ဒေါ်လာ သန်း ၁၈၀ တန် လက်ဝှေ့ပွဲလို့ တင်စားကြတဲ့ လက်ဝှေ့ကျော် မေဝယ်သာနဲ့ UFC လိုက်ဖ်ဝိတ်ချန်ပီယံ MMA တိုက်ခိုက်ရေးသမား မက်ဂရီဂိုတို့ရဲ့ လက်ဝှေ့ပွဲကို ဩဂုတ်လ
၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ရွှေခါးပတ် ၁၅ ခု ဆွတ်ခူးခဲ့တဲ့ ဝိတ်တန်းငါးခု ချန်ပီယံ မေဝယ်သာဆိုတာ ထိုးသတ်ခဲ့တဲ့ ပွဲစဉ် ၄၉ ပွဲလုံး အနိုင်ရခဲ့တဲ့ ပွဲတိုင်းနိုင်လက်ဝှေ့သမားဖြစ်ပါတယ်။ ပြိုင်ဘက်ကို
အသာစီးယူနိုင်ဖို့ ကြိုးစားရင်း ကြိုးဝိုင်းထဲမှာ ပါးပါးနပ်နပ် ရှောင်တိမ်းတတ်တဲ့အတွက် သမိုင်းတစ်လျှောက် ခံစစ်အားပြုတဲ့ အကောင်းဆုံးလက်ဝှေ့သမား တစ်ယောက်လို့ သတ်မှတ်ခံထားရသူပါ။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ဘာတိုကို အနိုင်ရခဲ့တဲ့ သရဖူကာကွယ်ပွဲအပြီး လက်ဝှေ့လောကကနေ အနားယူပြီလို့ ပြောခဲ့တဲ့ မေဝယ်သာဟာ အခုပွဲ အနိုင်ရရင် လက်ဝှေ့ကျော် ရော်ကီမာစီယာနိုရဲ့ စံချိန်ကိုကျော်ဖြတ်နိုင်မှာပါ။ ဟဲဗီးဝိတ်ချန်ပီယံဟောင်း
ရော်ကီမာစီယာနိုဟာ ၄၉ ပွဲ ထိုးသတ်ရာမှာ ၄၉ ပွဲ အနိုင်ရခဲ့တဲ့ လက်ဝှေ့သမားတစ်ဦး ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ်ရှိတဲ့ အိုင်ယာလန် တိုက်ခိုက်ရေးသမား မက်ဂရီဂိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လိုက်ဖ်ဝိတ်ချန်ပီယံ ရွှေခါးပတ်လုပွဲမှာ အယ်လ်ဗာရက်ဇ်ကို အနိုင်ရခဲ့ပြီးတဲ့နောက်
ရွှေခါးပတ်နှစ်ခု ဆက်တိုက်ရရှိတဲ့ ပထမဆုံး UFC တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အတူနေ ချစ်သူနဲ့ ရင်သွေးယူမယ့်အတွက် တိုက်ခိုက်ရေးလောကကနေ အတန်ကြာ အနားယူမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် UFC က သူ့ရဲ့
ဖယ်သာဝိတ် ရွှေခါးပတ်ကို ပြန်သိမ်းခဲ့ပါတယ်။ အားကောင်းကောင်းနဲ့
တိုက်ခိုက်တတ်ပြီး ခပ်မြန်မြန် ပွဲသိမ်းနိုင်တဲ့အတွက် နာမည်ကျော်ကြားတဲ့ မက်ဂရီဂိုဟာ ခြေအနုတ်အသိမ်း တော်တော်မြန်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။

https://www.youtube.com/watch?v=miFv0k0cCkQ

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လက်စ်ဗီးဂတ်စ်မြို့က T-Mobile အားကစားရုံမှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ဒီပွဲစဉ်မှာ လက်ဝှေ့စည်းမျဉ်းတွေကို  အသုံးပြုသွားမှာဖြစ်လို့
ကိုယ်ခံပညာပေါင်းစုံ(MMA)ပွဲတွေကလို ခြေကန်ချက်တွေ၊ တွန်းလှဲတာမျိုးတွေ လုပ်လို့မရပါဘူး။ ပြီးတော့ UFC ပွဲတွေလို လက်အိတ်ငယ်တွေ  အသုံးပြုမှာမဟုတ်ဘဲ ၁၀ အောင်စ အလေးချိန်ရှိတဲ့
လက်ဝှေ့လက်အိတ်တွေကို ဝတ်ဆင်ရမှာဖြစ်ပါတယ်။ လောင်းကစားဒိုင်တွေကတော့ မေဝယ်သာ အနိုင်ရမယ်လို့ ထင်ကြေးပေးထားကြပြီး ဝီလျံဟေးလ်ကတော့ ၁/၁၁ လေး ကြေးဖွင့်ထားပါတယ်။

Ref : CNN News : Floyd Mayweather Jr. and Conor McGregor

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top