ကွန်မြူနတီဒိုင်းနဲ့ ရာသီသစ်စတင်ခဲ့တဲ့ မန်စီးတီး

67797600_2479565945419976_4687024946004623360_n.jpg

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးဟာ လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွန်မြူနတီဒိုင်း ဆွတ်ခူးခဲ့ပါတယ်။ ပွဲချိန် (၁၂) မိနစ်မှာ သွင်းယူခဲ့တဲ့ စတာလင်ရဲ့ဂိုးကို ဒုတိယပိုင်းမှာ ဂျိုးမာတစ်က ပြန်လည်ချေပနိုင်ခဲ့လို့ သာမန်ပွဲချိန်အတွင်း တစ်ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာ မန်စီးတီးက (၅-၄) ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

၂၀၁၉ ခုနှစ်အတွင်း ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားတွေ ဆွတ်ခူးခဲ့တဲ့ မန်စီးတီးဟာ ဘောလုံးပြက္ခဒိန် တစ်နှစ်အတွင်း ပြည်တွင်းဖလား (၄) လုံး ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုပွဲစဉ်မှာ မန်စီးတီးတောင်ပံကစားသမား ဆာနေး ဒဏ်ရာရသွားတာကတော့ မန်စီးတီးအတွက် သတင်းဆိုးတစ်ရပ် ဖြစ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top