ပြိုင်ဘက်အသင်း နည်းဗျူဟာကို ခိုးကြည့်မိခဲ့လို့ မော်ရင်ဟို အဝါကတ်ပြခံရ

45.png

ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရယ်အားထက်၊ ငိုအားသန် ဖြစ်စေခဲ့တဲ့ အဝါကတ်ပြခံရမှုမှာ အပြစ်ရှိတယ်လို့ မော်ရင်ဟိုက ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုက ဆောက်သမ်တန် ဂိုးနည်းပြ အန်ဒရူးစပက်ကို ငတုံးလို့ ခေါ်ဝေါ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဆောက်သမ်တန်အသင်း နည်းပြခုံတန်းလျားဆီ ချဉ်းကပ်သွားခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ နည်းဗျူဟာအကြောင်း ရေးမှတ်ထားတာတွေကို ခိုးကြည့်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်း နည်းစနစ်ဧရိယာထဲ ဝင်သွားခဲ့လို့ ပွဲချိန် ၇၆ မိနစ်မှာ ကွင်းလယ်ဒိုင် မိုက်ခ်ဒိန်းက မော်ရင်ဟိုက အဝါကတ်ပြခဲ့ပါတယ်။

ပွဲပြီးစာနယ်ဇင်းရှင်းလင်းပွဲမှာ မော်ရင်ဟိုက ” ကျွန်တော်အပြုအမူရိုင်းခဲ့လို့ အဝါကတ်ပြခံရတာ မျှတပါတယ်။ ဒါပေမဲ့ ကျွန်တော်က ငတုံးတစ်ကောင်အပေါ် ရိုင်းမိခဲ့တာပါ”လို့ ပြောပါတယ်။ မော်ရင်ဟိုရဲ့လုပ်ရပ်ကြောင့် နှစ်ဖက်အသင်း ပရိသတ်တွေ ရယ်မောခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်မှာ သူနဲ့ အန်ဒရူးစပက်တို့ စကားလုံးကြမ်းကြမ်းတွေ ပြောခဲ့တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ အဲဒီပွဲစဉ်မှာ ဟာရီကိန်း သွင်းယူခဲ့တဲ့ဂိုးကို လူကျွံဘောသတ်မှတ်ခဲ့လို့ မော်ရင်ဟို ဒေါသထွက်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဒန်နီအင့်ဂ်ရဲ့ ပွဲချိန်(၁၇)မိနစ် သွင်းဂိုးနဲ့ ဆောက်သမ်တန်အသင်း အိမ်ကွင်းနိုင်ပွဲ ရခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top