နှစ်သစ်ကူးမှာရတဲ့ မုန့်ဖိုးတွေအပါအဝင် သူ စုထားတဲ့ ငွေတွေကို သုံးစွဲပစ်ခဲ့တာကြောင့် ဖခင်အရင်းကို ၁၀ နှစ်အရွယ် သားဖြစ်သူက တရားစွဲခဲ့ပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်း ဟီနန်ပြည်နယ် ကျန်းကျိုးမြို့မှာ နေထိုင်တဲ့ ၁၀ နှစ်အရွယ် ကလေးငယ် ရှောင်ဟွေ့ရဲ့မိဘတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်မှာ ကွာရှင်းခဲ့ကြပြီး ရှောင်ဟွေ့က ဖခင်နဲ့အတူ နေထိုင်ခဲ့တာပါ။
ရှောင်ဟွေ့ဟာ သူရတဲ့ မုန့်ဖိုးတွေကို သူ့ဖခင်ဆီ အပ်ထားလေ့ရှိပြီး သူ့အဖေက ဘဏ်အကောင့်ထဲ ထည့်ထားတာပါ။ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုချိန်မှာတော့ ရှောင်ဟွေ့ကိုသူ့အမေဆီ ပို့ခဲ့ပြီး သူ စုထားတဲ့ငွေတွေကိုလည်း ပြန်မပေးခဲ့ပါဘူး။ သားဖြစ်သူ စုထားတဲ့ ပိုက်ဆံတွေကို ထုတ်ပြီး မင်္ဂလာပွဲ လုပ်ခဲ့တာပါ။
ဒီအကြောင်း သိသွားချိန်မှာ ရှောင်ဟွေ့က သူ့ပိုက်ဆံတွေကို ပြန်တောင်းခဲ့ပေမဲ့ အရွယ်ရောက်တဲ့အထိ သူပဲ ဆက်သိမ်းထားပေးမယ်လို့ ဖခင်က အကြောင်းပြန်ခဲ့ပါတယ်။ အကြိမ်ကြိမ်အဖန်ဖန် တောင်းဆိုပေမဲ့ သူ့မုန့်ဖိုးတွေ ပြန်မရတဲ့အဆုံးမှာတော့ ရှောင်ဟွေ့က သူ့အဖေကို တရားစွဲခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရှောင်ဟွေ့ရဲ့မုန့်ဖိုးငွေ ယွမ် ၈၀၀၀၀ ကျော်(အမေရိကန်ဒေါ်လာ ၁၁၇၀၀)အပြင် ဘဏ်ကရရှိတဲ့ အတိုးငွေတွေကိုပါ (ယွမ် ၈၂၇၅၀) ဖခင်ဖြစ်သူက ပြန်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
Ref: 10-Year-Old Boy Sues Father for Spending His Savings without His Consent
NZ (ရိုးရာလေး)

