အာဆင်နယ် အသင်း သမိုင်း တစ်လျှောက်မှာ ပရီးမီးယားလိဂ် ဂိုး(၅၀) အမြန်ဆုံး သွင်းယူနိုင်တဲ့ အူဘာမီယန်း

2-6-2020-yyl-011.jpg

နောဝစ်ချ်နဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ဂိုး(၅၀) အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ အူဘာမီယန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၇၉)ပွဲ ကစားချိန်မှာ ဂိုး(၅၀) ပြည့်မြောက်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်း ဂန္ထဝင် ကစားသမားဟောင်းတွေဖြစ်တဲ့ အွန်နရီက ပရီးမီးယားလိဂ်ဂိုး(၅၀) ပြည့်ဖို့ (၈၇)ပွဲ၊ အီယန်ရိုက်က (၁၀၁)ပွဲ ကစားခဲ့ရပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုး(၅၀) ပြည့်မြောက်ဖို့အတွက် အူဘာမီယန်းထက် အချိန်ပိုမြန်ခဲ့တဲ့ ကစားသမား (၅) ယောက်ပဲ ရှိပါတယ်။ သူတို့ကတော့ အန်ဒီကိုးလ်(၆၅ ပွဲ)၊ အလန်ရှီးယား (၆၆ ပွဲ)၊ နစ္စတယ်ရွိုင်း (၆၈ ပွဲ)၊ ဆာလာ၊ ဖာနန်ဒိုတောရက်စ် (၇၂ ပွဲ)တို့ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အူဘာမီယန်းဟာ ဒီရာသီမှာ (၃၆)ပွဲ ကစားပြီး (၂၂)ဂိုး သွင်းယူထားသူပါ။ အူဘာမီယန်းကို ဥရောပထိပ်တန်းအသင်းတွေ စိတ်ဝင်စားနေပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့ကို အသင်းမှာ ဆက်ထိန်းဖို့ ကြိုးစားနေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top