ဆီဆိုင်ဝန်ထမ်း မိတ်ဆွေအတွက် စုဘူးဖောက်ပြီး စက်ဘီးဝယ်ပေးခဲ့တဲ့ ကလေးငယ်

2.6.2024-yyl-1.jpg

တောင်အာဖရိကနိုင်ငံမှ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ သူနဲ့ ခင်နေတဲ့ ဆီဆိုင် ဝန်ထမ်း အလုပ်သွား၊ အလုပ်ပြန်လုပ်ရတာ အဆင်ပြေစေဖို့ သူ့စုထားတဲ့ငွေတွေနဲ့ စက်ဘီးတစ်စီး ဝယ်ပေးခဲ့ဖူးပါတယ်။ အဲဒီကောင်လေးနာမည်က ဗော်ဂန်ပါ။ သူ့အမေက ကားဆီ ဝင်ဖြည့်ရင်း ဗော်ဂန်က တိုနီနဲ့ ခင်သွားတာပါ။

အဲဒီတုန်းက ဗော်ဂန် နေမကောင်း ဖြစ်နေတဲ့အချိန် တိုနီနဲ့ စကားပြောရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားခဲ့တာကို သူ့အမေက မြင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ ဗော်ဂန်က တိုနီ့ဆီ မကြာခဏ လာလည်လေ့ရှိပါတယ်။ တစ်ရက်တော့ တိုနီက စက်ဘီးတစ်စီး ဝယ်ချင်တယ်၊ ပိုက်ဆံလည်း သိပ်မတတ်နိုင်ဘူး။ ဈေးသင့်တာလေးရှိရင် ပြောပါဦးလို့ ဗော်ဂန်ကို အကူအညီ တောင်းခဲ့တာပါ။

အဲဒီနောက်မှာ ဗော်ဂန်က အားလပ်ရက် ခရီးထွက်ရင် သုံးဖို့ သူ စုထားတဲ့ စုဘူးကို ဖောက်ပြီး တိုနီအတွက် စက်ဘီးအသစ်တစ်စီး ဝယ်ပေးခဲ့တာပါ။ ဗော်ဂန်က စုဘူး မဖောက်ခင် သူ့မိခင်ထံ ခွင့်တောင်းခဲ့ပြီး သူ့မိခင်ကလည်း ဗော်ဂန်ရဲ့ စိတ်စေတနာကောင်းရှိမှုကို အားပေးအားမြှောက်ပြုတဲ့အနေနဲ့ ခွင့်ပြုပေးခဲ့တာပါ။ ဒီဖြစ်ရပ်ကတော့ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

Ref: 10-year-old boy uses his savings to buy gas station attendant a bicycle: ‘Most proud of you’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top