ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ကုသဆေး မတွေ့မချင်း ကျောင်းဖွင့်မည်မဟုတ်

10-6-2020-yyl-001.jpg

ဖိလစ်ပိုင်နိုင်ငံက COVID-19 အတွက် ကုသဆေးမရသေးတဲ့ ကာလအတွင်း ထောင်ပေါင်းများစွာ သောကလေးတွေကို ကျောင်းတက်ခွင့်ပြုဦးမှာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ဇွန်လ (၈) ရက်နေ့က ကြေညာခဲ့တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြင်သစ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက အတန်းတွေ ပြန်စနေရင်တောင် ကျောင်းပြန်တက်တာက အန္တရာယ်များနိုင်ခြေရှိတယ်ဆိုတာကို သိထားပါတယ်။ သင်ခန်းစာတွေကို တီဗီကနေ အလှည့်ကျထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကလေးတွေကို အိမ်ပြင်ထွက်ခွင့်မပေးသေးပါဘူး။ လူကြီးတွေကတော့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့နဲ့ အလုပ်သွားဖို့အတွက်သာ အပြင်ထွက်လို့ရပါတယ်။

ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တွန်းလှန်ဖို့အတွက် ဘွဲ့မရသေးဘူးဆိုရင်တောင် ကျောင်းသားကျောင်းသူတွေကို ကျောင်းမတက်သင့်သေးဘူးလို့ မေလက ပြောကြားခဲ့ပါတယ်။ အတန်းတွေကို သြဂုတ်လကုန်မှာ ပြန်စ ဖို့နဲ့ ဆရာ၊ဆရာမတွေကို လိုအပ်ရင်တီဗီကနေတဆင့်၊ အင်တာနက်ကနေတဆင့် သင်ကြားရေးနည်းလမ်းတွေကို အသုံးပြုစေမှာဖြစ်တယ်လို့ ပညာရေးအတွင်းရေးမှူးလီယိုနော် ဘရီအိုနီကလည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆူးငြောင့်ခလုတ်တွေရှိနေပါတယ်။ ဖိလစ်ပိုင်က လူသန်းပေါင်းများစွာက ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရပြီး အွန်လိုင်းသင်တန်းကို တက်ရောက်ဖို့အတွက် အိမ်မှာ ကွန်ပျူတာမရှိကြပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ရနိုင်တဲ့ဆက်သွယ်မှုတွေ ပေါ်မူတည်ပြီး ဆရာ၊ဆရာမတွေနဲ့ ကျောင်းတွေက ညှိယူရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ Lockdown တင်းတင်းကြပ်ကြပ် ချထားရပေမယ့် နေ့စဉ် ရောဂါပိုးရှိတဲ့သူတွေ တွေ့ရှိနေပါတယ်။ ဒါက မျက်နှာချင်းဆိုင် စာသင်ကြားရေးတွေကို ရွေ့ဆိုင်းစေခဲ့တာပါ။ မူလတန်းနဲ့အလယ်တိုင်း ကျောင်းသား/သူ (၂၅) သန်းကျော်က အခုလအစောပိုင်းမှာ စတင်တဲ့ အွန်လိုင်းအတန်းတွေ တက်ရောက်ကြရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဇွန်လကနေ ဧပြီလထိ ဖွင့်လှစ်တဲ့ ကျောင်းစာသင်နှစ်ကို နှောင့်နှေးသွားစေခဲ့ပါတယ်။ “ကုသဆေး ရနိုင်တဲ့အထိ ကျောင်းဖွင့်တာ ရွေ့ဆိုင်းထားဖို့ သမ္မတရဲ့ညွှန်ကြားချက်နဲ့ လုပ်ဆောင်သွားမှာပါ”လို့ ပညာရေးအတွင်းရေးမှူး လီယိုနော်က ပြောကြားထားပါတယ်။

လက်ရှိမှာ ကုသဆေးကို စမ်းသပ်ထုတ်လုပ်နေကြပေမယ့် ဘယ်အချိန်ရနိုင်မယ်ဆိုတာ မသေချာသေးပါဘူး။ လုပ်ဆောင်နေတဲ့ ဆေးစမ်းသပ်ထုတ်လုပ်တာ အောင်မြင်ရင် စက်တင်ဘာလမှာ ကုသဆေးရနိုင်မယ့် အလားလာရှိတယ်လို့ ဗြိတိန်ဆေးဝါး ထုတ်လုပ်ရေးပညာရှင် အက်စထွာဇင်နီကာက ပြောပါတယ်။

Ref: Children in the Philippines banned from school until Covid-19 vaccine found

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top