ပရဟိတရန်ပုံငွေ ရှာဖွေဖို့အတွက် မြန်မာပန့်ခ်အဆိုတော်နဲ့ ဗြိတိန်တေးဂီတအဖွဲ့တို့ သီချင်းသစ်တစ်ပုဒ် ပူးပေါင်းသီဆို

10-8-2020-yyl-025.jpg

မြန်မာပန့်ခ်တေးဂီတအဖွဲ့ The Rebel Riot ရဲ့ အဆိုတော် ကျော်ကျော်ဟာ Black Lives Matter UK လှုပ်ရှားမှုနဲ့ Food Not Bombs Myanmar အဖွဲ့အတွက် ရန်ပုံငွေတိုးမြှင့်ရရှိစေဖို့ ဗြိတိန်ပန့်ခ်တေးဂီတအဖွဲ့ Throwing Stuff နဲ့ ပူးပေါင်းပြီး ACIYHAB ဆိုတဲ့ သီချင်းသစ်တစ်ပုဒ် ဖန်တီးခဲ့ပါတယ်။ အဲဒီသီချင်းကို ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့နဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ တစ်ဝက်စီ အသံသွင်းခဲ့တာပါ။

ACIYHAB ဆိုတာကတော့ all coppers inside your head are bastards ရဲ့ အတိုကောက်စကားလုံးဖြစ်ပြီး (အမေရိကန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပေါ်စေခဲ့တဲ့) ရဲတပ်ဖွဲ့ရဲ့ အလွန်အမင်း အင်အားသုံးမှုတွေကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။

ကျော်ကျော်နဲ့ The Rebel Riot တေးဂီတအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံရဲ့ အိမ်ရာမဲ့တွေကို အစားအသောက် ကျွေးမွေးနိုင်ဖို့အတွက် ၂၀၁၃ ခုနှစ်မှာ Food Not Bombs Myanmar ကို တည်ထောင်ခဲ့ကြပြီး မကြာသေးခင်ကလည်း ကိုဗစ်ဒဏ် ခံစားခဲ့ရသူတွေကို အစားအစာတွေ လှူဒါန်းပေးခဲ့ကြပါတယ်။

Ref: UniteAsia ” Myanmar Punk Band Rebel Riot Featured On New Track Raising Funds For Black Lives Matter”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top