ကျောင်းမှာ လုပ်အားပေးအဖြစ် ၆ နှစ်ကြာ စာဖတ်ပြတဲ့ အဘိုးအို ဂုဏ်ပြုဆု ချီးမြှင့်ခံရ

30-1-2023yyl-2.jpg

၇၂ နှစ်ကြာ ပေါင်းသင်းလာတဲ့ ဇနီးသည် ကွယ်လွန်ပြီးနောက်မှာ အထီးကျန်ဝေဒနာ ခံစားခဲ့ရတဲ့ အဘိုးအို ပီတာဒေးဗီးစ်က သူ့ဝါသနာအရ စာသင်ကျောင်းမှာ လုပ်အားပေးအနေနဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို စာဖတ်ပြတယ်။ ပီတာဒေးဗီးစ်က အသက် ၁၀၀ အရွယ် ရှိနေပြီ။ ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိန်စစ်တပ်မှာ စစ်မှုထမ်းခဲ့သူပါ။

” ကလေးတွေထက် ကျွန်တော်က ပိုအကျိုးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ နွေးထွေးမှုမျိုး ခံစားရတယ်။ အရင်လို အထီးကျန်နေတဲ့ လူအိုကြီး မဟုတ်တော့ဘူး။ လူမှုဝန်းကျင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်။ ရွာထဲမှာ ကျွန်တော် လမ်းလျှောက်ထွက်တာနဲ့ ကလေးတွေက ” ဟယ်လို မစ္စတာဒေးဗီးစ်” ဆိုပြီး နှုတ်ဆက်ကြတဲ့အခါ အရမ်းပီတိ ဖြစ်မိတယ်” လို့ ဒေးဗီးစ်က ဆိုပါတယ်။

ကျောင်းသား၊ ကျောင်းသူလေးတွေကို ၆ နှစ်တိုင်တိုင် လုပ်အားပေးအဖြစ် စာဖတ်ပြတဲ့ လုပ်ရပ်ကြောင့် ပီတာဒေးဗီးစ်က British Empire Medal ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီဆုဟာ အရပ်ဘက် (သို့) စစ်ဘက်မှာ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူတွေကို ချီးမြှင့်တဲ့ဆုပါ။ ပီတာဒေးဗီးစ်ဟာ ဘိုလင်တန်မြို့က Dean Valley Community မူလတန်းကျောင်းမှာ လုပ်အားပေးအဖြစ် စာဖတ်ပြနေတာပါ။

Ref: 100-Year-Old Veteran Shares His Passion For Reading With Kids At His Local Elementary School

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top