ဘာပြစ်မှုမှ မလုပ်ပေမဲ့ နာမည်တစ်လုံးကြောင့် ၃ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရပြီး အဖေ့ရဲ့နောက်ဆုံးအချိန်ကို မမီခဲ့သူ

30-1-2023yyl-5.jpg

ကိုလံဘီယာနိုင်ငံသားတစ်ယောက်ဟာ ဘာပြစ်မှုမှ မလုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း ၃ ကြိမ်တိုင်တိုင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ သူကတော့ ရီနီမာတီနက်ဇ်ဂူတာရက်ဇ်ပါပဲ။ ၂၀၁၀ ပြည့်နှစ်က အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေလုပ်ဖို့ ဘိုဂိုတာမြို့ ရဲစခန်းဆီ သွားလုပ်ချိန်မှာ ၈ ရက်ကြာ အဖမ်းခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာက အလိုရှိနေတဲ့ ပီရူးနိုင်ငံသား မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်လို့ ထင်သွားကြလို့ပါပဲ။ တကယ်တော့ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် မဟုတ်ပါဘူး။ နာမည်ချင်းတူသူသာ ဖြစ်ပါတယ်။

နောက်တစ်နှစ်ကြာလို့ ဂူတာရက်ဇ်ရဲ့ လုပ်ငန်းခွင်မှာ ဓားပြတိုက်ခံရတော့လည်း ရဲတွေက သူ့ကို ထပ်ဖမ်းခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ ၂ လကြာ ဖမ်းဆီးခံခဲ့ရပြီး ကိုလံဘီယာနိုင်ငံရဲ့ နာမည်ကျော် လာပီကိုတာအကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ကိုယ်တိုင်က ပြစ်မှုမလုပ်ဘဲ ခဏခဏ အဖမ်းခံနေရတာကို စိတ်ပျက်လာတဲ့ ဂူတာရက်ဇ်က ၂၀၁၂ ခုနှစ်မှာ အမေရိကန်နိုင်ငံကို မိသားစုလိုက် ရွှေ့ပြောင်းသွားခဲ့ပါတယ်။

အခုနှစ် အစောပိုင်းမှာတော့ နာမကျန်းဖြစ်နေတဲ့ သူ့အဖေကို ကြည့်ဖို့ ကိုလံဘီယာနိုင်ငံထံ ပြန်လာခဲ့ပြီး ဘိုဂိုတာမြို့မှာ လေယာဉ်ဆိုက်ဆိုက်ချင်းပဲ ထပ်အဖမ်းခံခဲ့ရပြန်ပါတယ်။ သူ့ကို လို့စ်မာတီရက်စ်ရဲစခန်းမှာ ထိန်းသိမ်းထားချိန်မှာပဲ နာမကျန်းဖြစ်နေတဲ့ သူ့ဖခင် ကွယ်လွန်သွားခဲ့လို့ ဖခင်ရဲ့ နောက်ဆုံးအချိန်ကို မမီခဲ့ပါဘူး။

Ref: Man Gets Wrongfully Arrested 3 Times for Having the Same Name as Notorious Criminal

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top