ပူးမားကို တောထဲပြန်လွှတ်လို့မရတဲ့အတွက် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ ရှရှားနိုင်ငံကစုံတွဲ

yyl-030-8.jpg

တချို့လူတွေက အိမ်မွေးတိရစ္ဆာန်အဖြစ် ထူးထူးဆန်းဆန်းအကောင်တွေကို မွေးကြပါတယ်။ မြွေမွေးတာ၊ ဖားပြုတ်မွေးတာတွေ မြင်ဖူးကြပေမယ့် အမေရိကန်တောင်ခြင်္သေ့လို့လည်းခေါ်တဲ့ ပူးမားကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားပြီး အတူတူနေထိုင်ကြတာကို မြင်ဖူးကြားဖူးကြလား။ ရှရှားနိုင်ငံက အယ်ဆန်တာ နဲ့ မာရီယား ဒါမီထရီဗီ ဆိုတဲ့စုံတွဲဟာ ရှရှားနိုင်ငံ၊ ပန်ဇာမြို့က သူတို့ရဲ့အိမ်မှာ ၂၀၁၆ခုနှစ်ကတည်းက ပူးမားကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးခဲ့တာပါ။ သူ့ကို နာမည်ကြီးဘောလုံးသမားရဲ့နာမည်ဖြစ်တဲ့ မက်ဆီလို့တောင် အမည်ပေးထားပါတယ်။

မက်ဆီ (၃) လသားအရွယ်တုန်းက သူ့ကို တိရစ္ဆာန်ဥယျာဉ်မှာ ရောင်းခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် တိရစ္ဆာန်ဥယျာဉ်မှာ နေလို့မရခဲ့ပါဘူး။ သူက တောနက်ထဲမှာလည်း နေထိုင်လို့တာကြောင့် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းက မက်ဆီကို ဘယ်လိုလုပ်ရမလဲဆိုပြီး အကြံအိုက်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ အယ်ဆန်တာ နဲ့ မာရီယား ဒါမီထရီဗီတို့က ပူးမားကို ကယ်တင်ထားခဲ့တာပါ။

မက်ဆီကို ပထမဆုံးမြင်တဲ့အခါမှာ မြင်မြင်ချင်းချစ်ခဲ့တယ်လို့ သူတို့စုံတွဲက ပြောပါတယ်။ ဒါကြောင့် အိမ်မှာ ဒီလိုကြီးမားတဲ့တိရစ္ဆာန်ကို ခေါ်ထားဖို့အတွက် လေးလေးနက်နက်စဉ်းစားပြီး ပူးမားကို မွေးခဲ့တာပါ။ သူတို့နဲ့အတူ ပူးမားကို ခေါ်သွားခဲ့ပြီး ကျန်းမာရေးကောင်းလာအောင် ဂရုစိုက်ခဲ့ရပါတယ်။ သူတို့စုံတွဲက သူတို့မိသားစုထဲကို မက်ဆီရောက်လာတဲ့အတွက် ပျော်ရွှင်မိပေမယ့် သူတို့ရဲ့ကြောင်လေး ကီရာကတော့ မက်ဆီနဲ့ နေချင်တဲ့ပုံမပေါ်ခဲ့ပါဘူး။ မက်ဆီကို သူတို့ရဲ့ကြောင်ကြီးအနေနဲ့ လူတွေက သိကြပေမယ့် သူ့ကို ခွေးတစ်ကောင်လို ဂရုစိုက်လေ့ကျင့်ပေးခဲ့ပါတယ်။

အခုဆိုရင် မက်ဆီက အမိန့်ပေးတာ (၁၀) ခုဝန်းကျင်လောက် သိပါတယ်။ သူ့သခင်တွေက မက်ဆီကို လမ်းလျှောက်ခေါ်တယ်။ အမဲသား၊ ကြက်သားအစိမ်းကျွေးတယ်၊ ရေဇလုံထဲမှာ ထည့်ပြီး ရေချိုးပေးပါတယ်။ လူမှုကွန်ယက်မှာ မက်ဆီဟာ နာမည်ကြီးသွားခဲ့ပြီး လူတော်တော်များများက မက်ဆီအပေါ်ထားတဲ့ အယ်ဆန်တာ နဲ့ မာရီယား ဒါမီထရီဗီတို့ရဲ့ဂရုစိုက်မှုကို ချီးကျူးခဲ့ကြပါတယ်။ ဒါပေမဲ့ တောထဲကို မက်ဆီကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့စုံတွဲက မက်ဆီဟာ တောထဲမှာ အသက်ရှင်သန်လို့မရနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

မက်ဆီက အခြားတောရိုင်းတိရစ္ဆာန်တွေနဲ့မတူဘဲ လူတွေနဲ့အနေများတာကြောင့် နူးညံ့တည်ငြိမ်ပြီး ချူချာတဲ့ပူးမားတစ်ကောင်ပါ။ အယ်ဆန်တာ နဲ့ မာရီယား ဒါမီထရီဗီစုံတွဲက မက်ဆီတစ်ကောင်တည်းနဲ့ မလုံလောက်သေးဘဲ မက်ဆီကလည်း သူငယ်ချင်းလိုအပ်နေတဲ့အတွက် ကျားသစ်တစ်ကောင်မွေးဖို့ အစီအစဉ်ရှိနေပါတယ်။

Ref: Rescue Puma Can’t Be Released Into The Wild, Lives His Best Life As A Spoiled House Cat

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top