23.3.2023-yyl-iamge-9.jpg

တိရစ္ဆာန်ကယ်ဆယ်​ရေးအဖွဲ့အစည်းတွေအတွက် သံပုရာရည်ရောင်းပြီး ရန်ပုံငွေ ရှာပေးနေတဲ့ ၁၁ နှစ်သမီးလေး

ဖလော်ရီဒါပြည်နယ်က အသက် ၁၁ နှစ် သမီးလေး ဒယ်လနီ ဒန်နစ်ဟာ၂၀၁၉ ခုနှစ်ကတည်းက သံပုရာရည်ရောင်းပြီး ဒေသတွင်းတိရစ္ဆာန်ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၆၁၀၀၀ ကျော် ရှာပေးလာခဲ့တာပါ။ ဒယ်လနီက သူ့အသက် ၇ နှစ်မှာ တိရစ္ဆာန်တွေအတွက်…

19-11-2020-yyl-036.jpg

လူတိုင်း အတုယူသင့်တဲ့ ကလေးလေးတစ်ဦးရဲ့မွန်မြတ်တဲ့စိတ်ထား

တိရစ္ဆာန်တွေပေါ် ကြင်နာတရားထားတတ်ဖို့ဆိုတာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေးရှိသင့်တဲ့ စိတ်ထားပါပဲ။ ကလေးတွေကို တိရစ္ဆာန်တွေအပေါ် ကြင်နာတတ်ဖို့ ငယ်ငယ်လေးကတည်းက သင်ကြားပေးဖို့လည်း လိုအပ်ပါတယ်။ အခုနောက်ပိုင်း တိရစ္ဆာန်တွေ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ သတင်းတွေမြင်တွေ့ရတာ စိတ်မချမ်းမြေ့စရာကောင်းလှပါတယ်။ ဒါပေမဲ့ လူတိုင်းနီးပါး တိရစ္ဆာန်တွေအပေါ်ကြင်နာတရားမထားတတ်ဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။…

8-10-2020-yyl-001.jpg

၂၀၂၀ ပြည့်နှစ်အတွက် အမေရိကန်နိုင်ငံရဲ့ အဝဆုံးဝက်ဝံဖြစ်လာခဲ့တဲ့ 747 အမည်ရဝက်ဝံ

အခုအချိန်အခါဟာ အလက်စကာပြည်နယ်က the Katmai National Park ရဲ့တစ်နှစ်တာအဝဆုံးဝက်ဝံရွေးချယ်တဲ့အချိန်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်များစွာက ဒီအမျိုးသားဥယျာဉ်ဟာ အရမ်းကြီးထွားပြီး ဝနေတဲ့ ဝက်ဝံ (၁၂) ကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီဝက်ဝံတွေက တစ်နှစ်တာရဲ့အဝဆုံးဝက်ဝံပြိုင်ပွဲမှာ ဝင်ပြိုင်ကြရပါတယ်။ အဝဆုံးဝက်ဝံကိုရွေးချယ်လိုက်တဲ့အခါမှာ 747…

25-9-2020-yyl-030.jpg

ရုန်းကန်နေရတဲ့ဘဝမှာ နေနေရပေမဲ့ လေလွင့်ခွေးတွေနဲ့ အခြားတိရစ္ဆာန်တွေကို မွေးထားတဲ့ ညီအစ်မ (၃) ဦး

ကိုယ့်ကိုယ်တိုင်က ကျပ်တည်းတဲ့ဘဝမှာ ရုန်းကန်နေရပေမယ့် အခြားသူတွေကို အကူအညီပေးချင်တဲ့လူတွေ ကမ္ဘာကြီးပေါ်မှာ ရှိနေပါတယ်။ မလေးရှားနိုင်ငံ၊ ကွန်တန်လ်မြို့က ငယ်ရွယ်တဲ့ ညီအစ်မတစ်တွေဆိုရင်လည်း သူတို့ကိုယ်တိုင် စားသောက်ဖို့တောင် ပိုက်ဆံလုံလုံလောက်လောက်မရှိပေမဲ့၊ ညစ်ပတ်နေတဲ့ကြမ်းပြင်မှာ အိပ်စက်ကြရပေမဲ့ လမ်းဘေးခွေး (၁၃) ကောင်နဲ့ အခြားတိရစ္ဆာန်တွေကို…

10-9-2020-yyl-018.jpg

ကလေးတွေနဲ့ တိရစ္ဆာန်တွေကြားက သံယောဇဉ်ကို ဖော်ကျူးထားတဲ့ ဓာတ်ပုံရိုက်ချက်များ

တိရစ္ဆာန်လေးတွေနဲ့ ကလေးတွေက တော်တော်များများတူညီကြပါတယ်။ ခွေးပေါက်လေးတွေဆို ကလေးတွေလိုပဲ တူတူပုန်းတမ်းကစားရတာကြိုက်သလို တစ်ခါလေ ပစ္စည်းတွေရှုပ်ပွနေအောင် လုပ်တတ်ပါသေးတယ်။ ကလေးတွေလိုပဲ သခင်တွေရဲ့ဂရုစိုက်တာကိုလည်း ခံချင်ကြပါတယ်။ ကလေးတွေကလည်း အိမ်မွေးတိရစ္ဆာန်တွေကို သူတို့ရဲ့အကောင်းဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်ထားကြပါတယ်။ တိရစ္ဆာန်လေးတွေကလည်း သခင်တွေအတွက်ရော ကလေးတွေအတွက်ပါ မိတ်ဆွေကောင်းအဖြစ်…

21-8-2020-yyl-006.jpg

ဆေးရုံတစ်ခုမှာ လုံခြုံရေး အလုပ်ရသွားခဲ့တဲ့ လေလွင့်ကြောင်လေး

အခုနောက်ပိုင်း တိရစ္ဆာန်လေးတွေ အလုပ်အကိုင်ကိုယ်စီရနေကြတဲ့ သတင်းတွေလည်း စာဖတ်ပရိသတ်တွေ ဖတ်ဖူးမြင်ဖူးကြမှာပါ။ သြစတြေးလျနိုင်ငံက အယ်လ်ဝုဒ် (Elwood) ဆိုတဲ့ လေလွင့်ကြောင်လေးကလည်း အလုပ်အကိုင်တစ်ခုရသွားပါပြီ။ အခုလအစောပိုင်းမှာ အယ်လ်ဝုဒ်က ခေါင်းကြီးပိုင်းအနေနဲ့ သတင်းတွေမှာ ပါလာခဲ့ပါတယ်။ Epworth HealthCare အမည်ရတဲ့…

7-7-2020-yyl-001.jpg

သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းရင် တိရစ္ဆာန်က တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ဖြစ်နေဦးမယ်လို့ ကုလသမဂ္ဂ သတိပေး

သားရဲတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မလုပ်ဘူးဆိုရင် တိရစ္ဆာန်ကနေ လူတွေကို ကူးစက်နိုင်တဲ့ ရောဂါ(Zoonotic diseases)တွေ မြင့်တက်နေဦးမယ်လို့ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ Covid-19 လို ရောဂါတွေ မြင့်တက်လာတာဟာ တိရစ္ဆာန်တွေရဲ့ အသားကို…

25-6-2020-yyl-004.jpg

ကလေးတွေ ဘေးကင်းစွာ လမ်းကူးနိုင်ဖို့ ကားတွေကို ရပ်တန့်စေခဲ့တဲ့ ခွေးလေး

တိရစ္ဆာန်လေးတွေဟာ ကျွန်တော်တို့လူသားတွေကို နည်းအမျိုးမျိုးနဲ့ အံ့အားသင့်အောင် လုပ်နိုင်စွမ်းရှိကြပါတယ်။ လူသားတွေကို ပိုပြီး အံ့အားသင့်အောင်လုပ်နိုင်တဲ့ တိရစ္ဆာန်ကတော့ ခွေးတွေပါပဲ။ ခွေးတွေက လူသားတွေအတွက် အဖော်ပြုပေးနိုင်တဲ့၊ ကာကွယ်ပေးနိုင်တဲ့ မိတ်ဆွေပါပဲ။ လူတွေအပေါ်မှာလည်း နောက်ဆုံးထွက်သက်အထိ သစ္စာရှိနိုင်တာလည်း ခွေးတွေပါပဲ။ သူတို့လောက်…

24-6-2020-yyl-049.jpg

ခွေးလေးနဲ့ လင်းပိုင်တို့ရဲ့ နှစ်ရှည် ကြာညောင်းတဲ့ သူငယ်ချင်းသံယောဇဉ်

လူတွေက တိရစ္ဆာန်တွေဆီကနေတောင် သင်ယူသင့်တယ်လို့ ပြောတာကို ကြားဖူးကြမှာပါ။ တိရစ္ဆာန်တွေက လူသားတွေထက်တောင် တချို့အရာတွေမှာ တော်ကြပါတယ်။ ဘယ်လောက်သံယောဇဉ်ထားတတ်လဲ၊ ဘယ်လောက်သစ္စာရှိတတ်လဲဆိုတာကို တချို့တိရစ္ဆာန်တွေက ပြသတတ်ပါတယ်။ အခုလည်း လင်းပိုင်နဲ့ ခွေးလေးတို့ကြားက သူငယ်ချင်းဆက်ဆံရေးကတော့ အံ့သြစရာပါပဲ။ လင်းပိုင်တွေက လူတွေနဲ့…

12-6-2020-yyl-024.jpg

တိရစ္ဆာန်ရုံ ငွေကြေးအခက်ခဲ ဖြစ်နေတာ ကြောင့် ပင်ဂွင်းငှက် အားလုံးကို ခေါ်ယူမွေးစားခဲ့တဲ့ UK စူပါမားကတ် Iceland

COVID-19 ကာလအတွင်းမှာ စီးပွားရေးလုပ်ငန်းတော်တော်များများ ငွေကြေးဆုံးရှုံးမှုတွေ ကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် တိရစ္ဆာန်ရုံတွေဆိုရင်လည်း ပိတ်ထားရပြီး လာရောက် လည်ပတ်တဲ့သူမရှိလို့ ဝင်ငွေလည်းအခက်ခဲ ဖြစ်နေရပါတယ်။ UK အကြီးဆုံးပရဟိတ တိရစ္ဆာန်ရုံ Chester Zoo ဆိုရင်လည်း ရုန်းကန်နေရရုံသာမက ပိတ်ပစ်ရတော့မယ့်…