စတီဖင်ဟော့ကင်း၊ အိုင်းစတိုင်းတို့ထက် အိုင်ကျူမြင့်တဲ့ (၁၁) နှစ်အရွယ် ဉာဏ်ကြီးရှင်လေး

30-8-2022-yyl-01.jpg

အသက် ၁၁ နှစ်အရွယ် ကလေးဉာဏ်ကြီးရှင်လေးတစ်ယောက်ကတော့ ရူဗဗေဒပညာရှင်တွေဖြစ်တဲ့ အဲလ်ဘတ် အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့ထက် မြင့်တဲ့ အိုင်ကျူရမှတ်ကို ရရှိပြီးနောက် ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့ Mensa ထဲဝင်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ အဲဒီကလေးလေးက ကယ်ဗင် ဆွီနေးဆိုတဲ့ ကောင်လေးပါ။

ကယ်ဗင်က အိုင်ကျူစစ်ဆေးတဲ့စာမေးပွဲဝင်ရောက်ဖြေဆိုဖို့အတွက် ဇူလိုင်လ ၁၆ ရက်နေ့က အက်ဒင်ဗာရာမြို့ရဲ့ The Quaker Meeting House ကို လာရောက်ခဲ့တာပါ။ အိုင်ကျူ ၁၆၀ ရှိခဲ့တဲ့စတီဖင်ဟော့ကင်းကို ကျော်ပြီး အိုင်ကျူ ၁၆၂ မှတ်ရရှိခဲ့ပါတယ်။ အဲလ်ဘတ် အိုင်းစတိုင်းက အိုင်ကျူစာမေးပွဲမဖြေဆိုခဲ့ဖူးပေမဲ့ စတီဖင်ဟော့ကင်းရဲ့အိုင်ကျူနဲ့အတူတူလောက်ပါပဲ။

အဲဒီနေ့က အိုင်ကျူစာမေးပွဲဖြေဆိုခဲ့သူတွေထဲမှာ ကလေးဆိုလို့ သူတစ်ယောက်တည်းရှိပြီး ကျန်တဲ့သူတွေက အရွယ်ရောက်ပြီးသားသူတွေဖြစ်တဲ့အတွက် ကယ်ဗင်ရဲ့အဖေ အက်ဒီက ဂုဏ်ယူနေပါတယ်။ လူကြီးတွေကြားထဲ တစ်ယောက်တည်းဖြစ်နေလို့ ကယ်ဗင် စိတ်ရှုပ်မယ်ထင်ထားခဲ့ပေမဲ့ သူက လူတိုင်းကို “ဟိုင်း…သား ကယ်ဗင်ပါ”လို့ နှုတ်ဆက်ပြီး စကားစမြည်းပြောခဲ့တယ်လို့ အက်ဒီရဲ့ပြောစကားအရ သိရပါတယ်။

ဒီအတွေ့အကြုံက ကယ်ဗင်အတွက် ကြီးမားတဲ့စွမ်းရည်မြှင့်တင်မှုဖြစ်ဖို့ အက်ဒီက မျှော်လင့်နေပါတယ်။ ကယ်ဗင်ရဲ့အိုင်ကျူစာမေးပွဲရလဒ်က သူ့မိဘတွေအတွက် အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ ကယ်ဗင်က ပညာရေးမှာ အရည်အချင်းရှိတယ်ဆိုတာကို အမြဲထုတ်ပြခဲ့လို့ပါပဲ။ အသက် ၆ နှစ်မှာ Periodic Table ကို အလွတ်ရပြီး မူလတန်းမတက်ခင် စာဖတ်တာကို သင်ယူနိုင်စွမ်းရှိခဲ့ပါတယ်။

ကယ်ဗင်နဲ့ အိုင်ကျူရမှတ်တူတဲ့ (၁၀) နှစ်အရွယ် ကောင်လေး ရိုင်စ် ဆန်ဒါလည်း ကယ်ဗင်ထက်အရင် Mensa အဖွဲ့ထဲကို ဧပြီလက ဝင်ရောက်ခဲ့ပါတယ်။

Ref: Ladbible “11-year-old British boy beats Stephen Hawking and Albert Einstein in IQ test”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top