သူ့ရဲ့အနုပညာလက်ရာတွေကို NFTs တွေအဖြစ် ရောင်းချရာမှာ ဒေါ်လာ ၁.၆ သန်း ရရှိထားတဲ့ ၁၂ နှစ် သမီးလေး

26.5.2023-yyl-19.jpg

အသက် ၁၂ နှစ်အရွယ် နိုင်လာ ဟေးစ်အမည်ရတဲ့ ကလေးမလေးဟာ သူ့ရဲ့အနုပညာလက်ရာတွေကို အစားထိုးမရတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ( NFTs) တွေအဖြစ် ရောင်းချခြင်းဖြင့် ဒေါ်လာ သန်းချီ ရရှိထားပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အင်စတာဂရမ်အကောင့်ရှိဖို့ ငယ်သေးပေမဲ့ နိုင်လာက သူ့အမေ အသုံးပြုပေးနေတဲ့ အင်စတာဂရမ်မှာ ဖော်လိုဝါ ၄၆၈၃ ရှိပါတယ်။ အဲဒီအကောင့်မှာ သူ့ရဲ့အနုပညာလက်ရာဖန်တီးမှုတွေကို ပြသထားပါတယ်။

နိုင်လာရဲ့အနုပညာလက်ရာစုစည်းမှု “LongNeckieLadies”က လူတွေကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး သူ့ရဲ့နာမည်ကြီးလာခဲ့တဲ့အပြင် Ether (ဒီဂျစ်တယ်ငွေကြေး) ပမာဏအများကြီးလည်း ဝင်ခဲ့တာပါ။ သူက မစ်ရှဲလ် အိုဘားမား၊ ဘီယွန်းစေး၊ တိုနီ မော်ရစ်ဆန်၊ ဖရီဒါခါလို ကဲ့သို့အမျိုးသမီးတွေအတွက် ဒီအနုပညာလက်ရာစုစည်းမှုကို ဖန်တီးခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့နှစ်က NFT.NYC Emerging Artist of the Year ဆုလည်း ရရှိခဲ့ပါသေးတယ်။

NFTs တွေက ဒီဂျစ်တယ်ငွေကြေးနဲ့ဆင်တူတဲ့ Blockchain နည်းပညာနဲ့ လည်ပတ်ပြီး ဒါရဲ့ကျော်ကြားမှုက မကြာသေးခင်နှစ်တွေအတွင်း မြင့်တက်လာခဲ့တာပါ။

Ref: 12-Year-Old Artist has Made $1.6 Million with her NFT Collection

WL (ရိုရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top