လူသားဂဏန်းပေါင်းစက်လို့ တင်စားခံထားရတဲ့ အသက် ၁၄ နှစ်အရွယ် အိန္ဒိယကလေးငယ်ဟာ တစ်ရက်တည်းမှာ ဂင်းနက်စ်စံချိန်သစ် ၆ ခု တင်နိုင်ခဲ့ပါတယ်။
မဟာရက်ရှ်ထရာပြည်နယ်မှာ နေထိုင်တဲ့ အာယန်ရှူခလာဟာ ပြီးခဲ့တဲ့နှစ်က အီတလီရုပ်သံအစီအစဉ် Lo Sho Dei Record မှာ အလုံးရေ ၅၀ ပါဝင်တဲ့ ကိန်းဂဏန်းတွေကို စိတ်တွက်နဲ့ အမြန်ဆုံးပေါင်းပြနိုင်သူအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့သူပါ။ သူဟာ ၂၅.၁၉ စက္ကန့်အတွင်း အဲဒီလို စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဒူဘိုင်းမြို့မှာ ဂင်းနက်စ်စံချိန် ၆ ခု ထပ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရူခလာဟာ ၄ လုံးပါဝင်တဲ့ ကိန်းဂဏန်း ၁၀၀ ကို စိတ်တွက်နဲ့ အမြန်ဆုံး တွက်နိုင်သူ (၃၀.၉ စက္ကန့်)၊ ၄ လုံးပါဝင်တဲ့ ကိန်းဂဏန်း ၂၀၀ ကို စိတ်တွက်နဲ့ အမြန်ဆုံး တွက်နိုင်သူ (၁ မိနစ် ၉.၆၈ စက္ကန့်)၊ ၅ လုံးပါဝင်တဲ့ ကိန်းဂဏန်း ၅၀ ကို စိတ်တွက်နဲ့ အမြန်ဆုံး တွက်နိုင်သူ (၁၈.၇၁ စက္ကန့်)၊ အလုံး ၂၀ ပါဝင်တဲ့ ကိန်းဂဏန်းကို ၁၀ လုံး ကိန်းဂဏန်းနဲ့ စိတ်တွက် အမြန်ဆုံး စားနိုင်သူ (၅ မိနစ်၊ ၄၂ စက္ကန့်)၊ ၅ လုံးပါဝင်တဲ့ ကိန်းဂဏန်း ၂ ခုကို စိတ်တွက် အမြန်ဆုံး မြှောက်နိုင်သူ (၅၁.၆၉ စက္ကန့်)၊ ၈ လုံးပါဝင်တဲ့ ကိန်းဂဏန်း ၂ ခုကို စိတ်တွက် အမြန်ဆုံး မြှောက်နိုင်သူ ( ၂ မိနစ်၊ ၃၅.၄၁စက္ကန့် ) အစရှိတဲ့ စံချိန်တွေ တင်နိုင်ခဲ့တာပါ။
ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က လူသားဂဏန်းပေါင်းစက်လို့ တင်စားထားတဲ့ ရူခလာဟာ နေ့စဉ်နေ့တိုင်း တစ်နေ့ကို ၅ နာရီကနေ ၆ နာရီကြာ သင်္ချာတွက်ချက် လေ့ကျင့်လေ့ရှိပါတယ်။ ရူခလာရဲ့ဖခင်ကတော့ သင်္ချာတော်တဲ့ မျိုးရိုးမရှိဘဲ သားဖြစ်သူ ထူးချွန်နေတာကို မစဉ်းစားတတ်အောင် ဖြစ်ရတယ်လို့ ဆိုပါတယ်။
Ref: 14-year-old ‘human calculator’ breaks 6 world records in one day
NZ( ရိုးရာလေး)