မီးလောင်ကျွမ်းခဲ့ပေမဲ့ ရှင်သန်တည်ရှိနေဆဲ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ညောင်မုတ်ဆိတ်ပင်ကြီး

21.8.23-yyl-10.jpg

လာဟိုင်နာမြို့ရဲ့သမိုင်းဝင်အမှတ်အသားတစ်ခုဖြစ်တဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ညောင်မုတ်ဆိတ်ပင်ကြီးလည်း မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအပင်ကြီးက ရှင်သန်နေတုန်းပါပဲ။ အပင်ကြီးက ပုံမှန်အတိုင်း သစ်ရည်အများကြီးမထုတ်နိုင်ပေမဲ့ အပင်ရှင်နေပြီး ရေစုပ်ယူနေဆဲဖြစ်တယ်လို့ ဟာဝိုင်အီအုပ်ချုပ်ရေးမှူး ဂျော့ရှ် ဂရင်းရဲ့ပြောစကားအရ သိရပါတယ်။

အပင်ကြီးမှာ အကိုင်းအခက်တွေ သေသွားရင်တောင် အကိုင်းအခက်တွေမှာ အဖူးတွေပြန်ထွက်ပြီး ကြီးထွားလာဖို့ ကြိုးစားလိမ့်မယ်လို့ သစ်ခုတ်သမားတစ်ဦးက အုပ်ချုပ်ရေးမှူးကို ပြောခဲ့တာပါ။
ဒီညောင်မုတ်ဆိတ်ပင်ကြီးကို လာဟိုင်နာမြို့ရဲ့ပထမဆုံးပရိုတက်စတင့်မစ်ရှင် နှစ် ၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ၁၈၇၃ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ စိုက်ခဲ့တာပါ။ အဲဒီကတည်းကစပြီး ပေ ၆၀ ကျော်မြင့်တဲ့ ဒီအပင်ကြီးက လာဟိုင်နာရဲ့အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီအပင်ကြီးက အရိပ်ရတဲ့အတွက် နားခိုရာ အကောင်းဆုံးနေရာတစ်ခုဖြစ်ခဲ့တဲ့အပြင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလည်းဖြစ်ခဲ့ပါတယ်။

Ref: 150-Year-Old Banyan Tree That ‘Meant Everything’ to Many Still Standing After Maui Fires

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top