အသက် ၈ နှစ်သမီးကတည်းကစပြီး စစ်တုရင်ကစားဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံက ပါရမီရှင်မလေး

14-1-2021-yyl13.jpg

စစ်တုရင်လောကမှာ အကျော်အမောဖြစ်လာဖို့အတွက် ကြိုးစားခဲ့တဲ့ မိဘမဲ့စစ်တုရင်ပါရမီရှင် ဘတ်သ် ဟာမွန် (Beth Harmon)ရဲ့ ဘဝအကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Netflix ဇာတ်လမ်းတွဲတစ်ခုရှိပါတယ်။ The Queen’s Gambit ဆိုတဲ့ ဇာတ်လမ်းတွဲပါ။ ဇာတ်လမ်းတွဲထဲက ဘတ်သ် ဟာမွန်လိုမျိုး အပြင်မှာလည်း စစ်တုရင်ကစားနိုင်တဲ့အမျိုးသမီးပညာရှင်လေးတွေရှိပါတယ်။ ထိုင်းနိုင်ငံက လူငယ်လေးတွေဟာ စစ်တုရင်လောကထဲ လျှောက်လမ်းချင်ကြတဲ့ တူညီတဲ့ရည်မှန်းချက်တွေရှိကြတဲ့ပုံပါပဲ။ အဲဒီထိုင်းလူငယ်တွေထဲမှာ အသက် ၁၆ နှစ်အရွယ် Sarocha Pop Chuemsakul ဆိုတဲ့ ကောင်မလေးလည်းပါဝင်ပါတယ်။

Sarocha ဟာ အသက် ၈ နှစ်အရွယ်ကတည်းက စစ်တုရင်ကစားခဲ့တာပါ။ သူ့ရဲ့ကျောင်းမှာ စစ်တုရင်က စကစားဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီကစားနည်းက သူ့ကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့အတွက် စစ်တုရင်ကလပ်တွေထဲလည်း ဝင်ခဲ့ပါတယ်။ အဲဒီကတည်းက စစ်တုရင်ကို ကစားခဲ့ရင်းနဲ့ ပြိုင်ပွဲတွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ Sarocha က နိုင်ငံတကာကကစားသမားတွေကို အနိုင်ပိုင်းနိုင်ဖို့ မျှော်လင့်နေတာပါ။

Sarocha ဟာ ၂၀၁၈ခုနှစ်က ဆွစ်ဇလန်နိုင်ငံရဲ့ Master အဆင့် the Women’s International Chess Federation ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်ကစပြီး (၄) နှစ်ဆက်တိုက် the Women’s National Champion ဖြစ်ခဲ့တာပါ။ သူ့နဲ့အဆင့်တူပုဂ္ဂိုလ်ကတော့ 2019 Asian Youth Championships မှာ ပထမနေရာရခဲ့တဲ့ ကာဇက်စတန်နိုင်ငံက Nurgali Nazerke ပါပဲ။ ကာဇက်စတန်နိုင်ငံက ကစားသမားတွေဟာ စစ်တုရင်က ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိကြတယ်။ “သူတို့ ကစားတဲ့ပုံစံ၊ သူတို့ တွေးခေါ်တဲ့ပုံစံက အရမ်းပြင်းထန်ပြီး အကြိတ်အနယ်ပါပဲ။ အနိုင်ပိုင်းဖို့ အရမ်းခက်တယ်”လို့ Sarocha က မှတ်ချက်ပေးထားပါတယ်။

စစ်တုရင်ကစားတဲ့ ထိုင်းအမျိုးသမီးတွေက ရှားပါတယ်။ အမျိုးသမီးတွေ စစ်တုရင်ကစားရင် အမျိုးသားတွေထက်တောင် ပိုကောင်းကြတယ်လို့ Sarocha က ဆိုပါတယ်။ အမျိုးသမီးတွေက အရမ်းထိန်းချုပ်ပြီးကစားတာထက် ပေါ့ပေါ့ပါးပါးလေးကစားရင် ပိုပြီးယုံကြည်ချက်ရှိကြတယ်လို့ ဆိုပါတယ်။ Sarochaဟာ စစ်တုရင်က အမျိုးသားတွေအတွက် ကစားနည်း၊ လူကြီးတွေအတွက် ကစားနည်းဆိုတဲ့စကားတွေကြားရလေ့ရှိတဲ့အတွက် စစ်တုရင်က စကစားဖြစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: 16-Year-Old Pop Is Thailand’s Very Own Beth Harmon, Who’s Been Playing Since She Was 8


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top