ကိုဗစ်-၁၉ ကူးစက်ခံရပြီးရင် အနည်းဆုံး ၅ လကြာအထိ ရောဂါထပ်မကူးနိုင်ဘူးလို့ လေ့လာတွေ့ရှိ

14-1-2021-yyl12.jpg

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူတွေဟာ အနည်းဆုံး ၅ လကြာအထိ ရောဂါထပ်မဖြစ်နိုင်ပေမဲ့ ရောဂါပိုးသယ်ဆောင် ဖြန့်ဖြူးနိုင်တယ်ဆိုတဲ့ အထောက်အထား တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေကို သုတေသနလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပဋိပစ္စည်းထွက်နေသူတွေ တစ်ကျော့ပြန် ကူးစက်ခံရတာမျိုးက ကြုံတောင့်ကြုံခဲပါ။ အင်္ဂလန်နိုင်ငံ အများပြည်သူကျန်းမာရေးဌာန သိပ္ပံပညာရှင်တွေရဲ့ ကနဦးတွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူ ၆၆၁၄ ယောက်ထဲမှာ ရောဂါထပ်ကူးခံရသူ ၄၄ ယောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိချက်အရ ကိုဗစ်-၁၉ ပထမလှိုင်းမှာ ရောဂါကူးစက်ခံရသူတွေအနေနဲ့ အခုချိန်မှာ ရောဂါထပ်မံကူးစက်ခံရနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးချိန်မှာ ပဋိပစ္စည်းထွက်နေသူကလည်း သူတို့ရဲ့နှာခေါင်းနဲ့ လည်ချောင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်ပြီး ကူးစက်ပြန့်ပွားနိုင်စွမ်း ရှိတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

” ရောဂါကူးစက်ခံရပြီးရင် နောက်တစ်ကြိမ် မကူးနိုင်တော့ဘူး၊ စိတ်ချရပြီလို့ တွက်ထားကြပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံရပြီးရင် နောက်တစ်ခါ ရောဂါဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရမှာမဟုတ်တာ သေချာပါတယ်။ ဒါပေမဲ့ ရောဂါထပ်ကူးခံရပြီး တခြားသူတွေကို ကူးစက်နိုင်ခြေ ရှိနေတုန်းပါ”လို့ အင်္ဂလန်နိုင်ငံ အများပြည်သူကျန်းမာရေးဌာန ကျန်းမာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆူဆန်ဟော့ကင်က ပြောပါတယ်။

Ref: Reuters ” COVID-19 infection gives some immunity for at least five months, UK study finds “

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top