အထက်တန်းကျောင်းဒီပလိုမာအပြင် ကောလိပ်ဘွဲ့ ၃ ခုကိုပါ ရတော့မယ့် ဆယ်ကျော်သက်

8.5.2023-yyl-3.jpg

အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က အခုနှစ်နွေဉီးမှာ အထက်တန်းကျောင်းဒီပလိုမာအပြင် ကောလိပ်ဘွဲ့ ၃ ခုကိုပါ ရရှိတော့မှာပါ။ အရီဇိုးနားပြည်နယ်က ထရစ်စတန် အန်ဒရာဒီဆိုတဲ့ အဲ့ဒီဆယ်ကျော်သက်က ၆ တန်းတတ်တဲ့အချိန်မှာ အွန်လိုင်းကောလိပ်သင်တန်းတွေကို စတက်ခဲ့တာပါ။ ၈ တန်းမှာ Estrella Mountain Community College က ပေးတဲ့ အွန်လိုင်းကနေရော လူကိုယ်တိုင်တက်လို့ရတဲ့ ကောလိပ်သင်တန်းကို ယူခဲ့ပါတယ်။ သူက အိမ်မှာပဲ အထက်တန်းသင်ရိုးညွှန်းတမ်းကို ပြီးဆုံးအောင်လုပ်ရင်း ကောလိပ်သင်တန်းတွေကို တက်ခဲ့တာပါ။

ထရစ်စတန်က လာမယ့်သောကြာနေ့မှာ AI၊ ကွန်ပျူတာသိပ္ပံ၊ သင်္ချာဘာသာရပ်တွေနဲ့ တွဲဖက်ဘွဲ့တွေရရှိတော့မှာပါ။ AI ကတော့ သူ့ဝါသနာပါတဲ့အရာ၊ သူ သဘောကျတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ပြီးမြောက်ချင်တာတွေ ရှိနေပါသေးတယ်။ အခုလို ဘွဲ့ရတာက သူ့ဘဝခရီးရဲ့အစလို့ မှတ်ယူထားပါတယ်။

အခုဆောင်ဦးရာသီမှာ ထရစ်စတန်က Arizona State University ကို သွားမှာဖြစ်ပြီး အဲဒီမှာ AI နဲ့ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို ယူပြီး မဟာဘွဲ့အထိယူဖို့ မျှော်လင့်ထားပါတယ်။ သူ့အတိုင်း လိုက်လုပ်ချင်တဲ့ အခြားလူငယ်ကျောင်းသား/သူတွေကို ထရစ်စတန်က အချိန်ကုန်၊ ငွေကုန်သက်သာစေဖို့ အထက်တန်းပညာသင်ယူရင်း တစ်ပြိုင်နက်တည်း ကောလိပ်တွေရဲ့ ဘာသာရပ်ဆိုင်ရာသင်တန်းတွေကို တက်ကြဖို့ အကြံပြုထားပါတယ်။

Ref: 17-year-old set to graduate with 3 college degrees along with HS diploma

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top