So Close မင်းသမီးရဲ့ခန္ဓာကိုယ်ကျစ်လျစ်လှပခြင်းလျှို့ဝှက်ချက်

27.3.2023-yyl-iamge-1.jpg

နှစ်တွေအရမ်းကြာသွားတာတောင် မြန်မာပရိသတ်တွေကြား So Close ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ ထိုင်ဝမ်မင်းသမီး ရှုချီကတော့ အာရှရုပ်ရှင်ရဲ့အလှဘုရင်မတွေထဲက တစ်ယောက်ဖြစ်နေတုန်းပါပဲ။
ဟောင်ကောင်ဒါရိုက်တာ စတီဖန် ဖုန်းနဲ့ လက်ထပ်ထားတဲ့ အသက် ၄၆ နှစ်အရွယ် ရှုချီဟာ အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ပြီး သူ့ရဲ့အလှတရားကို ပြသနေတဲ့ ဓာတ်ပုံတွေကို မကြာသေးခင်က တင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေကို မြင်တဲ့ ပရိသတ်တွေက အခုလို ခန္ဓာကိုယ်ကျစ်လျစ်ပြီးလှပနုပျိုနေတဲ့ သူ့ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

အဲ့ဒါ​ကြောင့် ရှုချီက ခန္ဓာကိုယ်ကျစ်လျစ်ပြီး နုပျိုလှပနေရတဲ့ သူ့ရဲ့အလှတရားလျှို့ဝှက်ချက်ကို မျှဝေခဲ့ပါတယ်။ “ကျန်းမာရေးကောင်းကောင်းနဲ့ ခန္ဓာကိုယ်ကျစ်လျစ်လှပနေဖို့က တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ မင်း မတ်တပ်ရပ်နိုင်တဲ့အခါ မထိုင်ပါနဲ့။ ထိုင်နိုင်တဲ့အခါ အိပ်ရာထဲမှာချည်း လဲလျောင်းမနေပါနဲ့။ စိတ်ကို ပျော်ရွှင်အောင်ထားပါ။ အချိုပွဲ အပါအဝင် အရာအားလုံးကို မျှတအောင်စားပြီး ညစာအတွက် အစေ့အဆန်တွေနဲ့ ပြုလုပ်ထားတဲ့ ဆန်ပြုတ်တစ်ပန်းကန်သောက်ပါ။ ကျွန်မ ညနက်တဲ့အထိနေဖို့လိုအပ်ရင် ၇၀ ရာခိုင်နှုန်းလောက် ဗိုက်ပြည့်တဲ့အထိ ပုံမှန်စားတယ်။ ဒါပေမဲ့ စားသုံးထားသလောက် ကယ်လိုရီလောင်ကျွမ်းဖို့လိုတယ်”လို့ သူက ဆိုပါတယ်။

သူက ထပ်ပြီးတော့ “မင်းရဲ့စားသောက်ခြင်း၊ Workout အလေ့အထတွေနဲ့ ကိုက်တဲ့ အရာတစ်ခုခုကို ရှာတွေ့ရင် ကျန်းမာရေးနဲ့ညီညွှတ်စွာ ဝိတ်ချဖို့ လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို အစာအငတ်မခံပါနဲ့”တဲ့။ မင်းစားတဲ့အရာကလည်း အရေးကြီးတယ်လို့ ဆိုထားပါတယ်။

သူက ဆီကြော်အစားအစာတွေကို ရှောင်ပြီး အရက်သောက်ချင်ရင် ဝိုင်တစ်ခွက်ရဲ့ သုံးပုံနှစ်ပုံနဲ့ ညီမျှတဲ့ ၁၀၀ မီလီလောက်ပဲ သောက်ပါတယ်။သူ မျှဝေခဲ့တာနဲ့ ပတ်သက်ပြီး ကွန်မန့်ပေးကြတဲ့သူတွေ အများကြီးပါပဲ။ အဲဒီထဲကတစ်ယောက်က ရှုချီကို ကလေးမရှိတဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကလှနေတာလို့ ကွန်မန့်ပေးခဲ့ပါတယ်။ ဒီမန့်ကို ရှုချီက သူ့မှာ ကလေးရှိတဲ့သူငယ်ချင်းတွေရှိတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဆို သူ့ရဲ့ခန္ဓာကိုယ်ထက်ပိုလှတယ်လို့ ပြ​န်ဖြေကြားခဲ့ပါတယ်။

Ref: Shu Qi, 46, Uses English To Retort Netizen Who Said That The Secret To Having A Good Bod Is To Not Have Babies

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top