ပျော်ဖို့ကောင်းတဲ့အပြင် လစာပါမိုက်တဲ့ အလုပ်(၁၀) မျိုး

40021561_2212142535670907_6103251327658229760_n.jpg

အလုပ်လုပ်တယ်ဆိုတာကို စားဝတ်နေရေးအဆင်ပြေဖို့အတွက် လုပ်နေရတဲ့ စိတ်ပျက်ဖို့ကောင်းတဲ့အရာတစ်ခုအဖြစ် လူအများစုက ထင်တတ်ကြပေမဲ့

တကယ်တော့ အလုပ်တိုင်းက အဲဒီလိုဖြစ်မနေပါဘူး။ တချို့အလုပ်တွေက ပျင်းဖို့ကောင်းချင် ကောင်းနိုင်ပေမဲ့ အခုပြောပြပေးမယ့် အလုပ် (၁၀) မျိုးကတော့ ပျော်စရာကောင်းတဲ့အပြင် လစာကပါ အရမ်းမိုက်နေလို့ ဒီအလုပ်တွေကို မလုပ်မိလေခြင်းဆိုပြီး နောင်တတွေတောင် ရကုန်နိုင်ပါတယ်။

(၁) ဖာရာရီကား မောင်းတတ်ဖို့သင်ပေးရတဲ့သူ

ဘယ်လောက်ပျော်ဖို့ကောင်းလဲ – သူများတွေက ဖာရာရီ ကားစီးနိုင်ဖို့အသေအကြေပိုက်ဆံစုနေရတဲ့အချိန် ကိုယ်က ဖာရာရီကားမောင်းပြီး ပိုက်ဆံရနေမယ့် အလုပ်မျိုးပါ။

လစာ – တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၉၀၀၀၀-၁၂၀,၀၀၀

အလုပ်လိုအပ်ချက်- ပရော်ဖက်ရှင်နယ် ပြိုင်ကား မောင်းခြင်းနဲ့ ကားမောင်းလေ့ကျင့်သင်ကြားခြင်းတွေမှာ လုပ်သက်အတွေ့အကြုံ ကောင်းကောင်းရှိရပါမယ်။

(၂) ဗီဒီယို ဂိမ်းကစားတဲ့သူ

ဘယ်လောက်ပျော်ဖို့ကောင်းလဲ- မိမိနှစ်သက်တဲ့ဂိမ်းကစားတာကို အသက်မွေးဝမ်းကြောင်းအနေနဲ့လုပ်ရမှာပါ။ မသိရင် ၂၄ နာရီလုံး အားလပ်ချိန်ရနေသလိုတောင် ခံစားရမှာ ဖြစ်ပါတယ်။

လစာ – ပြိုင်ပွဲ တွေ အပေါ် မူတည်ပ်ြီး တစ်နှစ်ကို ဒေါ်လာ ၅၀,၀၀၀ ကနေ နှုန်းအမျိုးမျိုး

အလုပ်လိုအပ်ချက် – ဂိမ်းကစားခြင်းကို ကြိုက်နှစ်သက်ရုံတင်မက ပရော်ဖက်ရှင်နယ်အဆင့်ထိ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်ရမှာပါ။

(၃) ရေခဲမုန့်မြည်းတဲ့သူ

ဘယ်လောက်ပျော်ဖို့ကောင်းလဲ- ရေခဲမုန့်တွေကို ကိုယ့်စိတ်ကြိုက် စားသုံး မြည်းစမ်းခွင့် ရမှာပါ။

လစာ – တစ်နှစ်ကိုဒေါ်လာ ၆၀,၀၀၀

အလုပ်လိုအပ်ချက်- အစားအသောက်တွေရဲ့ပုံစံပိုင်းဆိုင်ရာ၊ ဓာတုဗေဒပိုင်းဆိုင်ရာ၊ ဇီ၀ဗေဒပိုင်းဆိုင်ရာတို့ကို လေ့လာရတဲ့ ပညာရပ် (Food Science) မှာ ဘွဲ့ရထားရပါမယ်။ရေခဲမုန့်ကို နှစ်နှစ်ကာကာ ကြိုက်တဲ့ သူဖြစ်ရပါမယ်။ (နေ့တိုင်း ဒါပဲစားနေရမှာကိုး)

(၄) အသံသရုပ်ဆောင်

ဘယ်လောက်ပျော်ဖို့ကောင်းလဲ – ရယ်စရာကောင်းတဲ့ အသံတွေလုပ်ရင်း ပိုက်ဆံရမှာပါ။ ဒါ့အပြင် အသံနဲ့ပဲ အလုပ်လုပ်ဖို့လိုတာမို့ အလုပ်သွားရင် ကိုယ်ကြိုက်တာ ဝတ်လို့ရပါတယ်။

လခ – အတွေ့အကြုံပေါ်မူတည်ပြီး တစ်နှစ်ကို ဒေါ်လာ ၈၀၀၀၀ အထိရပါတယ်။

အလုပ်လိုအပ်ချက်- အသံကောင်းရမယ်။ အသံကိုလိုသလို ထိန်းချုပ်နိင်ရမယ်။

(၅) ကစားစရာတွေကို ဖန်တီးတဲ့သူ

ဘယ်လောက်ပျော်ဖို့ကောင်းလဲ – ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ရတဲ့ ကစားစရာတွေကို ကိုယ်တိုင်ဒီဇိုင်းဆွဲ တည်ဆောက်နိုင်မှာဖြစ်ပြီး ကိုယ်ထွင်လိုက်တာတွေကို ကလေးတွေ ဆော့ နေမှာ မြင်ရမှာပါ။

လခ – တစ်နှစ်ကို ပျှမ်းမျှ ဒေါ်လာ ၇၀၀၀၀ ဝန်းကျင်

အလုပ်လိုအပ်ချက် – ကစားစရာ ဒီဇိုင်းဆွဲတာနှင့် ပတ်သက်သော ဘွဲ့။ ဘယ်အသက်အရွယ် ကလေးက ဘယ်လို ကစားစရာမျိုးကို ကြိုက်တတ်သလဲဆိုတဲ့ အသိပညာ။ ကစားစရာတွေအပေါ် ချစ်မြတ်နိုးတတ်မှု

(၆) ဒစ္စနေလန်း (Disney Land) က သရုပ်ဆောင်

ဘယ်လောက်ပျော်ဖို့ကောင်းလဲ-ဝေါဒစ္စနေ က ဖွင့်လှစ်ထားတဲ့ ဒစ္စနေလန်း ကစားကွင်းဥယျာဉ်မှာ မိမိနှစ်သက်တဲ့ ဒစ္စနေကာတွန်းဇာတ်ကောင်အဖြစ်ဝတ်ဆင်ရင်း လာလည်သူပရိသတ်များကို ဖျော်ဖြေပေးရမှာပါ။

လခ – တစ်နှစ်ကို ပျှမ်းမျှ ဒေါ်လာ ၃၂,၀၀၀ ဝန်းကျင်

အလုပ်လိုအပ်ချက် – ဝတ်ဆင်ရမယ့် ကာတွန်းဇာတ်ကောင် အလိုက် အရပ်နှင့် ရုပ်ရည်အသွင်အပြင် ကန့်သတ်ချက်နှင့်ကိုက်ညီမှု။ ဇာတ်ကောင်အတ်ိုင်း လှုပ်ရှားပြောဆိုနိုင်မှု။ ကလေးချစ်တတ်ပြီး သူတို့လေးတွေနဲ့လိုက်လျောညီထွေ နေတတ်မှုရှိရန်

(၇) အစားအသောက်ဝေဖန်အကဲဖြတ်ရေး

ဘယ်လောက်ပျော်ဖို့ကောင်းလဲ – အစားအသောက် အလကားစားရမှာနော် ဟင်းဟင်း။ ဘယ်နေရာမှာစားရင်ကောင်းမလဲ၊ ကိုယ့်ဘတ်ဂျက်က ဘယ်လောက်ရှိလဲဆိုတာ ချိန်ဆနေစရာမလိုတော့ပါဘူး။ စားဖိုမှူးတွေနဲ့ စားပွဲထိုးတွေကလည်း ကိုယ့်ဆီက အမှတ်ရအောင် သူတို့ရဲ့အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးကြမှာပါ။

လခ – တစ်နှစ်ကိုဒေါ်လာ ၄၇,၀၀၀ ဝန်းကျင်

အလုပ်လိုအပ်ချက် -အချက်အပြုတ်ဆိုင်ရာဗဟုသုတအပြင် အရသာနဲ့ ရနံ့တွေကိုအနုစိတ်ခံစားသိရှိနိုင်ရမယ်။ စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာတွေကို သိရှိနားလည်ရမယ်။ အသေးစိတ်ဂရုစိုက်တတ်ရမယ်။ အရေးအသားပိုင်းဆိုင်ရာကောင်းရမယ်။ အထူးသဖြင့် သတင်းပညာ၊ ဆက်သွယ်ရေးဆိုင်ရာနှင့်ပတ်သက်တဲ့ဘွဲ့ရရှိထားရပါမယ်။

(၈) ရေဒီယိုနဲ့ တီဗွီ သတင်းကြေညာသူ

 

ဘယ်လောက်ပျော်ဖို့ကောင်းလဲ – နာမည်ကြီး မင်းသားမင်းသမီး တွေ ဆယ်လီဘရစ်တီတွေ နိုင်ငံရေး သမားတွေနဲ့ တွေ့ ရမှာပါ။ အင်တာဗျူးတွေလည်း လုပ်ရမှာဖြစ်သလို ပွဲတွေ တက်ရောက်ဖို့လည်းဖိတ်ကြားခံရမှာ ဖြစ်ပါတယ်။

လခ- တစ်နှစ်ကို ဒေါ်လာ ၄၅၀၀၀ ဝန်းကျင်

အလုပ်လိုအပ်ချက် – သတင်းပညာနှင့် ရုပ်သံထုတ်လွှင့်ခြင်းတို့နှင့်ပတ်သက်သောဘွဲ့၊ ဖိအားအောက်တွင် အလုပ်လုပ်နိုင်၍ ကောင်းမွန်စွာပြောဆိုနိုင်သော အရည်အချင်း

(၉) ဝိုင်ကျွမ်းကျင်သူ

 

ဘယ်လောက်ပျော်ဖို့ကောင်းလဲ – ဝိုင်ကိုအလကားသောက်သုံးပြီး အသက်မွေးဝမ်းကြောင်းလုပ်ရမှာပါ။ ဝိုင်အရသာအသစ်တွေမြည်းစမ်းဖို့လည်း ကမ္ဘာအနှံ့ကိုခရီးထွက်ရမှာပါ။

လခ – အကြမ်းဖျဉ်းအားဖြင့် တစ်နှစ်ကို ဒေါ်လာ ၄၀၀၀၀ ရပေမဲ့ နာမည်ကြီးသွားပြီဆိုရင် တစ်နှစ်ဝင်ငွေက ဒေါ်လာ ၁၅၀,၀၀၀ ဝန်းကျင်ရပါတယ်။

အလုပ်လိုအပ်ချက်-ဝိုင်နှင့်ပတ်သက်သမျှ အကုန်နှံ့စပ်အောင်သိရမယ်။ အရသာနှင့်အနံ့တွေကို အနုစိတ်ခွဲခြားသိမြင်နိုင်ရမယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းရမယ်။

(၁၀) ပြိုင်ကားအင်ဂျင်နီယာ

ဘယ်လောက်ပျော်ဖို့ကောင်းလဲ – ပြိုင်ပွဲ ပြိုင်နေစဉ်အတွင်း ပြိုင်ကားရဲ့ အခြေအနေကို တောက်လျှောက်ကြည့်ရှုစစ်ဆေးပြီး ပြိုင်ကားမောင်းသူနဲ့ အမြဲဆက်သွယ်နေရမှာပါ။ မိမိအဖွဲ့အနိုင်ရရှိရေးအတွက် ပြိုင်ကားသမားနီးပါး အရေးကြီးပါတယ်။

လခ- တစ်နှစ်ကို ဒေါ်လာ ၁၃၄,၀၀၀

အလုပ်လိုအပ်ချက်-သချာၤ၊ရူပဗေဒ နှင့်သက်ဆိုင်သောဘွဲ့ ဖိအားဒဏ်ကိုခံနိုင်ပ်ြီး အမှားအယွင်းမရှိ အမြန်လုပ်ဆောင်တတ်ရန် ပြိုင်ကားပြိုင်ပွဲများနှင့်ပတ်သက်သော ဗဟုသုတရှိရန်

ကဲ…ရိုးရာလေး စာဖတ်ပရိသတ်တွေလည်း ဒီ အလုပ် ၁၀ ခု ထဲက ဘယ်အလုပ်တွေကို လုပ်ချင်မိလဲဆိုတာ ပြောသွားပါဦး။

Ref: Lifehack “20 Most fun jobs in the world (That also pay well)”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top