ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံတွေကို အပြီးပိတ်သိမ်းသွားတော့မယ့်ဂျာမနီ

germany.jpg

ဂျာမနီကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံ

ကမ္ဘာမှာ ကျောက်မီးသွေးအသုံးပြုမှုအများဆုံးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငဟံာ ကမ္ဘာလုံးဆိုင်ရာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတိုက်ဖျက်ရေးကြိုးပမ်းမှုအနေနဲ့ ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံ (၈၄) လုံးကို အပြီးပိတ်ပစ်တော့မယ်လို့ ကြေညာလိုက်ပါပြီ။

ဒီကြေညာချက်ဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများပြားနေခြင်းကို လျှော့ချဖို့ဦးဆောင်ကြိုးပမ်းနေတဲ့ ဥရောပအင်အားကြီးနိုင်ငံတစ်ခုအတွက်တော့ အဓိပ္ပာယ်ရှိတဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုပါ။ ဂျာမနီနိုင်ငံမှာသုံးစွဲနေတဲ့လျှပ်စစ်စွမ်းအင်စုစုပေါင်းရဲ့ ၄၀% ဟာ ကျောက်မီးသွေးကနေထုတ်ယူတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေကစပြီး ဒီပမာဏကိုလျှော့ချနိုင်ဖို့ ဂျာမနီက ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

စီမံကိန်းကော်မရှင်ဥက္ကဌ ရွန်နယ် ပဘ်ဖိုလာ (Ronald Pabfolla) ကလည်း ၂၀၃၈ ခုနှစ်ရောက်ချိန်မှာ ကျောက်မီးသွေးစွမ်းအင်သုံးစွဲမှုလုံးဝ ပပျောက်သွားအောင်ကြိုးပမ်းမယ်လို့ ကြွေးကြော်ထားပါတယ်။

ဒီစီမံကိန်းကြောင့် ကျောက်မီးသွေးစွမ်းအင်ကဏ္ဍရဲ့ နစ်နာဆုံးရှုံးရမှုတွေကို ပြန်လည်ဖြည့်ဆည်းကူညီပေးဖို့ကိုလည်း အသုံးစရိတ် အမေရိကန်ဒေါ်လာ (၄၅) သန်း လျာထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ ကျောက်မီးသွေးစွမ်းအင်ကဏ္ဍနဲ့ တိုက်ရိုက်ပတ်သက်လုပ်ကိုင်သူလုပ်သားဦးရေ (၂၀၀၀၀) နဲ့ သွယ်ဝိုက်ပတ်သက်ပြီးလုပ်ကိုင်နေတဲ့လုပ်သားကတော့ (၄၀၀၀၀) ရှိပါတယ်။

စက်မှုလုပ်ငန်းရှင်တွေကတော့ ဂျာမနီဟာ နျူစွမ်းအင်သုံးစွဲမှုကိုစွန့်လွှတ်ထားတဲ့နိုင်ငံဖြစ်တာကြောင့် အခုလိုဆုံးဖြတ်တာက ပြည်တွင်းစက်မှုလုပ်ငန်းတွေကို လျှပ်စစ်စွမ်းအင်အတွက်ဈေးကြီးပေးသုံးစွဲခိုင်းရာရောက်တဲ့အပြင် ပြည်ပလုပ်ငန်းတွေနဲ့ယှဉ်ပြိုင်နိုင်စွမ်းလျော့အောင်လုပ်လိုက်ရာကျတယ်လို့ ဝေဖန်ထောက်ပြထားကြပါတယ်။

စီမံကိန်းရဲ့ကနဦးသုံးနှစ်တာရည်မှန်းချက်အရ စုစုပေါင်းလျှပ်စစ်စွမ်းအင် (၁၂.၅) ဂစ်ဂါဝပ်ကိုထုတ်လုပ်ပေးနေတဲ့ ကျောက်မီးသွေးသုံးစွမ်းအင်စက်ရုံ (၂၄) လုံးကို ၂၀၂၂ ခုနှစ်မှာ အပြီးပိတ်သိမ်းဖို့စီစဉ်ထားပြီး ၂၀၃၀ မှာတော့ ကျန်ရှိနေတဲ့ စုစုပေါင်းလျှပ်စစ်စွမ်းအင် (၁၇) ဂစ်ဂါဝပ်ထုတ်လုပ်ပေးနိုင်တဲ့စက်ရုံ (၂၄) လုံးကို ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ကြေညာထားတာကိုလည်းတွေ့ရပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top