အသက် (၂၀) အရွယ် အော်တစ်ဇင်ကောင်လေးရဲ့ အလုပ်တောင်းခံစာ

autism-poignant-employer-cover-letter-coverimage.jpg

အလုပ်အကိုင်တစ်ခုရဖို့ဆိုတာ လူတိုင်းအတွက် လွယ်ကူချောမွေ့တဲ့အရာတော့မဟုတ်ပါဘူး။ နိုင်ငံရေးအခြအနေမတည်ငြိမ်တဲ့ကာလတွေ၊ ကိုဗစ်ဖြစ်ပွားနေတဲ့ကာလတွေမှာဆို အလုပ်အကိုင်ဆုံးရှုံးရသူတွေရှိကြပါတယ်။ တချို့တွေဆို သူတို့ရဲ့ကျန်းမာရေးအခြေအနေက သူတို့အလုပ်အကိုင်ရနိုင် မရနိုင်ပေါ်မူတည်နေပါတယ်။ ဗာဂျီးနီးယားပြည်နယ်က အာရမ် လောရီ (Ryan Lowry) ဆိုတဲ့ အသက် ၂၀ အရွယ်ကောင်လေးဆိုရင်လည်း အော်တစ်ဇင်ရောဂါသည်ဖြစ်တဲ့အတွက် အလုပ်အကိုင်ရရှိနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးမှာ ဆိုးနေရတာပါ။ ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်တဲ့ Linkedln လူမှုကွန်ယက်ပေါ်မှာ အလုပ်တောင်းခံစာတစ်ခုကို တင်ခဲ့ပါတယ်။ သူ အဲဒီလို တင်ခဲ့ပြီးတဲ့နောက်မှာတော့ Linkedln အကောင့်သုံးနေကြတဲ့ဝန်ထမ်းတွေဆီကနေ အလုပ်ကမ်းလှမ်းစာရရှိခဲ့တယ်လို့ သိရပါတယ်။

အာရမ်ဟာ မကြာခင် ကျောင်းပြီးတော့မှာဖြစ်တဲ့အတွက် အလုပ်အကိုင်ရှာဖို့ အချိန်တန်နေပြီဖြစ်တဲ့ လူငယ်လေးတစ်ယောက်ပါ။ သူက ပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်ချင်တဲ့အတွက် သူက အော်တစ်ဇင်ရောဂါသည်တစ်ယောက်ဖြစ်တယ်ဆိုတာကို Linkedln အသုံးပြုတဲ့ ဝန်ထမ်းတွေကို သိစေချင်ခဲ့ပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေကို မဖုံးကွယ်ဘဲ အလုပ်အကိုင်ရရှိဖို့ စာလေးတစ်စောင်နဲ့ တောင်းဆိုခဲ့တာပါ။ “မင်းတို့လို တစ်စုံတစ်ယောက်က ကျွန်တော့်ကို အခွင့်အရေးပေးမယ့်လို့ ထင်ပါတယ်။ သာမန်လူတွေလို ကျွန်တော်မသင်ယူခဲ့ရပါဘူး။ ကျွန်တော့်ကို သင်ကြားပြသပေးမယ့် ဆရာတစ်ဦး လိုအပ်ပါတယ်။ ဒါပေမဲ့ မင်း ရှင်းပြသင်ကြားပေးလိုက်တာနဲ ချက်ချင်းသင်လွယ်တတ်လွယ်ပါတယ်။ ကျွန်တော်ကို အလုပ်ခန့်ပြီး သင်ကြားပေးမယ်ဆိုရင် မင်းလုပ်ခဲ့တဲ့အရာအတွက် ဝမ်းသာစေရပါမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ နေ့တိုင်း မင်းခိုင်းသမျှ၊ ပြောသမျှကို လုပ်ပြီး တကယ်ကို အလုပ်ကြိုးစားပါမယ်” ဆိုတဲ့ စာလေးတစ်စောင်ပါပဲ။

အာရမ်ရဲ့အိပ်မက်ကတော့ IT အသက်မွေးဝမ်းကျောင်းလမ်းကြောင်းကနေတဆင့် Animation နယ်ပယ်မှာ အလုပ်လုပ်ရဖို့ပါပဲ။ စာထဲမှာတော့ သူ စတင်အလုပ်လုပ်နိုင်ဖို့ သင်ကြားလမ်းညွှန်ပြသပေးမယ့်သူလိုအပ်ပေမယ့် သင်ယူနိုင်စွမ်းအပြည့်ရှိပါတယ်တဲ့။ အစက အာရမ်က စာကို လက်ရေးနဲ့မရေးဘဲ စာရိုက်ဖို့ စိတ်ကူးခဲ့ပေမဲ့ သူ့ရဲ့ညီလေးက လက်ရေးစာရေးဖို့ အကြံဉာဏ်ပေးခဲ့တာပါ။

LinkedIn မှာတင်ခဲ့တဲ့ အာရမ်ရဲ့ အလုပ်တောင်းခံတဲ့လက်ရေးစာလေးက လူတွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ သူဟာ အလုပ်ကမ်းလှမ်းစာတွေ၊ သူ့ကို သင်ကြားပြသပေးမယ့်သူတွေ၊ သူ့နဲ့ အလုပ်တွဲလုပ်ချင်တဲ့သူတွေ ရရှိသွားခဲ့ပါတယ်။ လက်ရေးစာကြောင့် အခုလိုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ကြောင်း အာရမ်ရဲ့မိခင် ထရေစီ လောရီက ဆိုပါတယ်။ လက်ရှိမှာတော့ အာရမ်ဟာ အော်တစ်ဇင်ရောဂါနဲ့လူတွေကို Animation အကြောင်း သင်ကြားပြသပေးမယ့် (၃) နှစ်တာ ပရိုဂရမ်တစ်ခုမှာ အလုပ်လုပ်ဖို့ အခွင့်အရေးပေးမယ့် Exceptional Minds ကုမ္ပဏီကနေ ကမ်းလှမ်းချက်ကို ရရှိထားပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top