အစားအသောက်တွေ အလွန်အကျွံစားပြတဲ့ တရုတ်အစားအသောက်ဘလော့ဂါ စားပိုးနင့်ပြီး Live လွှင့်နေစဉ် ကွယ်လွန်

22.7.2024-yyl-3.png

အစားအစာတွေကို အားရပါးရ စားပြတဲ့ တရုတ် အစားအသောက်ဘလော့ဂါဟာ live လွှင့်နေတုန်း စားပိုးနင့်ပြီး သေဆုံးသွားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် တရုတ်အမျိုးသမီး ပန်ရှောင်တင်းဟာ အရင်က စားသောက်ဆိုင်မှာ စားပွဲထိုးအလုပ်လုပ်ရာကနေ အစားအသောက်ဘလော့ဂါ ဖြစ်လာခဲ့တာပါ။ အစားအသောက်ဘလော့ဂါတွေက ဝင်ငွေကောင်းသလို ပရိသတ်တွေပေးတဲ့ လက်ဆောင်ပစ္စည်းတွေလည်း ရတတ်ပါသေးတယ်။

အစပိုင်းမှာ ပန်ရှောင်တင်းက အစားအသောက်ဘလော့ဂါအလုပ်ကို ကြားပေါက်ဝင်ငွေရှာဖို့သာ လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းတဖြည်းဖြည်း ဝင်ငွေကောင်းလာချိန်မှာ စားပွဲထိုးအလုပ်ကို စွန့်လွှတ်ကာ အစားအသောက်ဘလော့ဂါအလုပ်ကို တစ်စိုက်မတ်မတ် လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပန်ရှောင်တင်းဟာ မကွယ်လွန်မီအချိန်က တစ်ရက်ကို အနည်းဆုံး ၁၀ နာရီဆက်တိုက် အစားအစာတွေ စားပြတာ၊ Live လွှင့်ချိန် တစ်ချိန်အတွင်း အစားအစာ ၁၀ ကီလိုဂရမ်ကျော် စားပြတာ အစရှိတဲ့ ခက်ခက်ခဲခဲ စိန်ခေါ်မှုတွေ လုပ်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အလွန်အကျွံ စားသောက်မှုနဲ့ အစားအစာ လေလွင့်မှုကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၀ ပြည့်နှစ်ကစလို့ အစားအစာ အလွန်အကျွံ စားပြတဲ့ Livestream နဲ့ ဗီဒီယို ထုတ်လွှင့်သူတွေကို ဒဏ်ကြေး ယွမ် ၁၀၀၀၀ အထိ ချမှတ်ကာ နှိမ်နင်းခဲ့ပါတယ်။ ဒါပေမဲ့ အစားအစာ အလွန်အကျွံစားပြတဲ့ အစားအသောက်ဘလော့တွေကတော့ ရေပန်းစားနေဆဲပါပဲ။

ပန်ရှောင်တင်းဟာ အခုလအစောပိုင်းက Live လွှင့်နေတုန်း အသက်ဆုံးရှုံးခဲ့တာပါ။ သေမှုသေခင်း စစ်ဆေးမှုအရ သူ့ရဲ့အစာအိမ်ထဲမှာ မကျေညက်တဲ့ အစားအစာတွေ ပြည့်နှက်နေပြီး သူ့ဝမ်းဗိုက်ကလည်း ဆိုးဆိုးရွားရွား ပုံစံပြောင်းနေတာ တွေ့ရပါတယ်။

Ref: 24-Year-Old Mukbang Streamer Dies Live on Stream Due to Overeating
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply