အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ခွေးလေးပုံရဲ့ ဇစ်မြစ်

7.2.2023-yyl-image-10.jpg

အပျက်အစီးတွေကြားက လက်တစ်ချောင်းဘေးမှာ ခွေးလေးတစ်ကောင် ထိုင်နေတဲ့ပုံတစ်ပုံ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ” ဒီနေ့ တူရကီမှာ ရိုက်ထားတဲ့ ဓာတ်ပုံ”၊ ” ယနေ့အတွက် ဝမ်းနည်းစရာအကောင်းဆုံးဓာတ်ပုံ” ဆိုတဲ့ စာသားတွေ ရေးထားတာ တွေ့ရပါတယ်။

တူရကီငလျင် လှုပ်ခတ်မှုအပြီး ထွက်ပေါ်လာတဲ့ ဒီပုံဟာ လူတွေ ထင်ကြသလို သေသွားတဲ့သခင်ဘေးမှာ ခွေးလေးက ဝမ်းနည်းစွာ ထိုင်နေတာမျိုး မဟုတ်ပါဘူး။ လက်ရှိ ရိုက်ကူးထားတဲ့ဓာတ်ပုံလည်း မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက တင်ထားတာဖြစ်ပြီး တည်နေရာကတော့ ချက်သမ္မတနိုင်ငံ ဖြစ်ပါတယ်။

ဒီပုံမှာ မြင်ရတဲ့ခွေးလေးဟာ ကယ်ဆယ်ရေးအဖွဲ့ဝင်ဖြစ်ပြီး ဒဏ်ရာရနေသူတစ်ယောက်တွေ့ပြီလို့ ပြနေတာပါ။

Ref: Fact Check

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top