Myanmar’s Pride Awards 2019 ရဲ့ တေးဂီတ ကဏ္ဍအတွက် ဆန်ကာတင် စာရင်းဝင်များ အကြောင်း သိကောင်းစရာများ

mmprideaward.jpg

ဂီတဆိုတာလူတွေရဲ့ဘဝမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပြီး လူတိုင်းနားလည်နိုင်တဲ့ ဘာသာ စကားလည်းဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ် ဘာသာကို ကိုးကွယ်နေတဲ့သူဖြစ်ပါစေ၊ ဆင်းရဲချမ်းသာ ဘယ်လိုပဲကွာခြားနေပါစေ ဂီတကနေတဆင့် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်ပါတယ်။ ဒါကြောင့်မို့ လည်း ဂီတပညာရှင်တွေဟာ သူတို့ သက်ဆိုင်ရာ နိုင်ငံတွေသာမက နိုင်ငံတကာက လူမှုရေး၊ ယဉ်ကျေးမှု နဲ့ ဆက်နွယ်နေတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေရဲ့ အရေး ကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အနုပညာဟာ လူတွေရဲ့ အာရုံစိုက်မှုနဲ့ အရေးတယူလုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်းအရာ တွေကို ဖော် ထုတ်ပေးနေတဲ့နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် လူ့အခွင့်အရေး၊ အခွင့်အရေးတန်းတူရရှိရေး၊ ကျွန်ပြုခံရခြင်း၊ လူမျိုးရေး ခွဲ ခြားမှုလိုမျိုး ကိစ္စရပ်တွေအတွက် နိုင်ငံတကာအသိုင်းအဝန်းမှာပါ လူတွေသိသွားအောင် ဂီတက တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ကူညီပေးနေတာမျိုး တွေကို မြင်ရနိုင်ပါတယ်။

နိုင်ငံတကာစင်မြင့်ထက်မှာဆိုရင် Bob Marley, Michael Jackson, Celine Dion နဲ့ Whitney Huston တို့ဟာ သူတို့ရဲ့ တေးဂီတ နယ်ပယ်မှာ လွှမ်းမိုး နိုင်ရုံသာမက သူတို့ရဲ့ နိုင်ငံမှာလည်း ဂုဏ်ယူရတဲ့ သူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာလည်း အဲဒီလို လူသိများ ထင်ရှားပြီး လေးစားဂုဏ်ယူရတဲ့ ဂီတ အနု ပညာရှင် တွေရှိတဲ့အထဲက တစ်ချို့ကို ပြောရမယ်ဆိုရင် ဝင်းဦး၊ မေရှင်၊ ထူးအိမ်သင် တို့ဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင် လောက်အောင် ထူးချွန်ရုံ သာမက လေးစားဂုဏ်ယူ သင့်တဲ့ မြန်မာ့ဂီတပညာရှင်တွေ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အဲဒီလိုထူးချွန်ထင်ရှားပြီး နိုင်ငံတကာ တေးဂီတလောက မှာပါ မြန်မာကို ကိုယ်စားပြုနိုင်တဲ့ တိုင်းပြည်က ဂုဏ်ယူရတဲ့ ဂီတပညာရှင်ကို Myanmar’s Pride Awards က ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာ ဆုရွေးချယ်ပေးအပ်ရေး အဖွဲ့ကနေ ဆန်ကာတင်အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တေးဂီတ ကဏ္ဍအတွက် အကဲ ဖြတ်ဒိုင်များက ပြည်သူတွေချစ်ရတဲ့ အနုပညာရှင်လေးဦးကို ရွေးပေးခဲ့ပါတယ်။ ဆန်ကာတင် စာရင်းမှာ ပါဝင်တဲ့သူတွေ ကတော့ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော် ၊ ဖြူဖြူကျော်သိန်းနဲ့ ဓီရာမိုရ်တို့ပဲဖြစ်ပါတယ်။

မြန်မာဟာ အရိုင်းဆန်နေသေးတဲ့ သဘာဝ အလှတရားကြီးကနေစလို့ ကြွယ်ဝတဲ့ သယံဇာတတွေ၊ နှစ်လိုချစ်ခင်ဖွယ် တိုင်းရင်းသားတွေ အထိ ဂုဏ်ယူ ဝင့်ကြွား လို့ရတဲ့ အရာများစွာရှိပါတယ်။ ထူးချွန်ထင်ရှားတဲ့ မြန်မာကို ကမ္ဘာ့စင်မြင့်ထက်မှာ ကိုယ်စားပြုနိုင်တဲ့ မြန်မာပြည်ဖွား တွေကို မဲပေးပြီး အဲဒီလို ဂုဏ်ယူဖွယ်ရာ စာရင်းထဲကို နောက်တစ်ခု ထပ်ထည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆုရရှိတဲ့သူကို ရွေးချယ်တဲ့အခါမှာ အကဲဖြတ် အမှတ်ပေး ဒိုင်လူကြီးတွေရဲ့ ဆန္ဒမဲ (၂၀) ရာခိုင် နှုန်းနှင့် အများပြည်သူရဲ့ ဆန္ဒမဲ (SMS စာတိုက တဆင့်ပေးတဲ့ ဆန္ဒမဲ (၄၀) ရာခိုင်နှုန်း၊ Facebook Chatbox ကတဆင့်ပေးတဲ့ ဆန္ဒမဲ (၄၀) ရာခိုင်နှုန်း) တို့ကို ပေါင်းပြီး အတည်ပြု ဆုံးဖြတ်သွားမှာ ဖြစ်တဲ့အတွက် အများပြည်သူက ပေးအပ်တဲ့မဲတစ်ခုစီတိုင်းက အလွန်အရေးပါလှပါတယ်။ ပြည်သူလူထုကို အောက်မှာ ဖော်ပြထားတဲ့ ဆန်ကာတင် စာရင်းဝင်တို့ရဲ့ ကိုယ်ရေးအကျဉ်းလေးဖတ်ပြီး မဲပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။ မဲပေးဖို့ဆိုရင် မိမိမဲပေးလိုသူ၏ နံပါတ်စဉ် ကို 09 969696 888 သို့ SMS စာတိုပေးပို့ပြီးဖြစ်စေ၊ https://www.facebook.com/myanmarsprideawards ကတဆင့် messenger chatbot ကို ဝင်ရောက် ပြီးဖြစ်စေ မဲပေးနိုင်ပါတယ်နော်။

ဆန်ကာတင် စာရင်းဝင်တွေ ထဲကမှ မဲအများဆုံးနဲ့အနိုင်ရရှိသူကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မဲ့ ဆုပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားမှာ ကြေညာ ပေး သွားမှာဖြစ်ပါတယ်။ ဒီဆုရွေးချယ်ပေးအပ်မဲ့ အစီအစဉ်ကို Mango Advertising Co., Ltd. က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး Grand Royal Special Reserve မှ title sponsor အဖြစ် အဓိကကူညီပံ့ပိုး ပေးထား ပါတယ်။ ဒီဆုပေးအပ်တဲ့အစီအစဉ်ကို Grand Royal Special Reserve ရဲ့ tagline ဖြစ်တဲ့ “Born in Myanmar, Respected by the World” ကနေ စိတ်ကူးအကြံဉာဏ် ရလာတာ ဖြစ်ပါတယ်။

ဆန်ကာတင်စာရင်းဝင်တို့ရဲ့ကိုယ်ရေးအကျဉ်း

စိုင်းစိုင်းခမ်းလှိုင် (M15)

စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာ့ဂီတလောကမှာ အအောင်မြင်ဆုံးနှင့်လူကြိုက်အများဆုံး အဆိုရှင်များထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။ သူ့ရဲ့ဂီတဆိုင်ရာ ပါဝင်ဖန်တီးမှုတွေကြောင့် World’s Best Male Artist ၊ World’s Best Live Act ၊ World’s Best Entertainer of the Year အဖြစ် ၂၀၁၄ ခုနှစ် World Music Awards မှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ စိုင်းစိုင်းဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ASEAN Japan Music Festival မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင်ခဲ့ပြီးတော့ နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Coca Cola နဲ့လည်း အတူပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒါ့ အပြင် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်း နဲ့လည်း ပူးပေါင်း လုပ်ကိုင်ခဲ့ ပါသေးတယ်။ စိုင်းစိုင်းဟာ လူသားချင်း စာနာ လှုပ်ရှားမှု အဖြစ် တီဘီရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှု တွေမှာလည်း ပါဝင်ခဲ့ ပါသေးတယ်။

နီနီခင်ဇော် (M33)

နီနီခင်ဇော်ဟာ အောင်မြင်ကျော်ကြားတဲ့တေးသံရှင်ဖြစ်ပြီး တေးရေးနှင့်မော်ဒယ်အနုပညာ လှုပ်ရှားမှုတွေနဲ့ ထင်ရှားသူဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် Melody World အဆိုပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးပြီး ဂီတလောကကို ခြေလှမ်းစတင်ခဲ့တဲ့ နီနီခင်ဇော်ဟာ အခြား ပြည်တွင်းဆု (၁၂) ခုကိုလည်း ဆွတ်ခူးထား ပါ သေးတယ်။ နီနီခင်ဇော်ဟာ ပြည်တွင်းတစ်ကိုယ်တော်ဖျော်ဖြေပွဲများစွာအပြင် 2012 ASEAN Music Festival, 2013 SEA Games, 2014 ASEAN Summit, 2015 Asia-Pacific Broadcasting Union ရဲ့ Radio Song Festival တို့မှာပါဝင်ဖျော်ဖြေခဲ့ပြီး ၂၀၁၇ ခုနှစ်မှာကျင်းပတဲ့ ASEAN+3 Song Contest in Vietnam ပွဲမှာ 1st Runner Up ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြည်တွင်းနာမည်ကြီးအဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice Myanmar ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ပြီးတော့ နာမည်ကြီး ကုန်ပစ္စည်း အမှတ်တံဆိပ်တွေရဲ့ Brand Ambassador အဖြစ်လည်း ဆောက်ရွက်လျက် ရှိပါတယ်။

ဖြူဖြူကျော်သိန်း (M24)

ငယ်စဉ်ကတည်းက သီချင်းသီဆိုလာခဲ့သူ ဖြူဖြူကျော်သိန်းဟာ စင်မြင့်ထက်မှာ အသံအားကောင်းကောင်းနဲ့ တမူထူးခြားတဲ့ ဖျော်ဖြေတင်ဆက်မှု တွေ ကြောင့် လူသိများတဲ့ ပေါ့ပ်နဲ့ရော့ခ်အဆိုတော် ဖြစ်ပါတယ်။ ကမ္ဘာကျော်ထိုင်းရုပ်ရှင် “Friend zone”ရဲ့ မူရင်းဇာတ်ဝင်သီချင်းကို အရှေ့တောင်အာရှက အခြားအမျိုးသမီးအဆိုတော် (၉) ဦးနဲ့အတူ သီဆိုပေးခဲ့ပြီးတော့ အဲဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းအချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အာရှ၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဥရောပတစ်ခွင်မှာ ဖျော်ဖြေခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ 40th Anniversary ASEAN ဖျော်ဖြေပွဲမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ဖြူဖြူဟာ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကျော်တေးသံရှင် Jason Mraz နဲ့အတူ မြန်မာပြည်မှာကျင်းပတဲ့ MTV EXIT Live မှာ ပရိသတ် ၇၀၀၀၀ ရှေ့မှောက် တိုက်ရိုက်သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာ Dutch Metropole Orchestra နဲ့အတူ Amsterdam မြို့ရှိ MasterPeace Concert မှာလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ South Korea’s Galaxy Star သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် UNICEF, MTV EXIT, MANA နှင့် Master Peace အဖွဲ့အစည်းတွေ မှာလည်း Celebrity Ambassador အဖြစ် ခန့်အပ်ခြင်းခံထားရသူဖြစ်ပါတယ်။ Myanmar Music Association ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ်လည်း ရွေးချယ်ခံခဲ့ရတဲ့ ဖြူဖြူကျော်သိန်းဟာ Myanmar Idol Season 4 မှာလည်း အကဲဖြတ်ဒိုင်လူကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။

ဓီရာမိုရ် (M06)

ဓီရာမိုရ်ဟာ လူအများလေးစားအသိအမှတ်ပြုထားတဲ့ တေးရေး၊ တေးဆို၊ ဂီတမှူးနဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာဂီတ ပညာရှင် များစွာရဲ့ ဖျော်ဖြေပွဲများစွာမှာ ဂီတမှူးအဖြစ် စီစဉ်တင်ဆက်ခဲ့ပါတယ်။ တစ်ကိုယ်တော်တေးစီးရီး (အယ်လ်ဘမ်) (၄) ခုကို သီဆိုဖြန့်ချိထားတဲ့ ဓီရာမိုရ်ဟာ ၂၀၁၃ ခုနှစ် ဆီးဂိမ်းနဲ့ ၂၀၁၄ မသန်စွမ်းသူများဆီးဂိမ်းတို့မှာ ဂီတမှူးအဖြစ် ခန့်အပ်ခြင်းခံရပြီး ၂၀၁၄ ASEAN Summit မှာ ဂီတဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ ပါတယ်။ လက်ရှိမှာ မြန်မာ့ဂီတ တေးသီချင်း (၁၀၀၀) ကို ပြန်လည်အသံသွင်းပြီး ထိန်းသိမ်းဖြန့်ဝေနေတဲ့ ဂီတရတနာ အစီအစဉ်နဲ့ မြန်မာ့ဂီတကို အမျိုး အစား (၇) မျိုးခွဲပြီး ထိန်းသိမ်း မျှဝေပေးနေတဲ့ ဂီတလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာတော့ ဓိရာမိုရ်ဟာ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှာ ဒုတိယပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

Myanmar’s Pride Awards အကြောင်းနဲ့ ဆန်ကာတင်စာရင်းဝင်များရဲ့အကြောင်းကို ပိုမိုပြည့်စုံစွာ သိရှိနိုင်စေဖို့ ဆုရွေးချယ်ပွဲရဲ့ တရားဝင်စာမျက်နှာ ဖြစ်တဲ့ https://myanmarsprideawards.com ကို ဝင်ရောက်ကြည့်ရှုနိုင်သလို အသေးစိတ် အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ Myanmar’s Pride Awards ရဲ့ တရားဝင် Facebook စာမျက်နှာ  ကို like နှင့် follow လုပ်ထား လို့ရပါ တယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top