Huawei Myanmar ရဲ့ Huawei Y9 (2018) စမတ်ဖုန်း ကံထူးနိုင်မယ့် ‘A Friend That You Can Count On’ ပြိုင်ပွဲ

5-8-2020-yyl-035.jpg

စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့ စစ်မှန်တဲ့ သူငယ်ချင်းတွေရဲ့ တန်ဖိုးကို ဆိုရှယ်မီဒီယာမှာ ဝေမျှရင်း Huawei Y9 (2018) စမတ်ဖုန်း ကံထူးနိုင်မယ့် ‘A Friend That You Can Count On’လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲတစ်ခုကို Huawei Myanmar က မိတ်ဆက်လိုက်ပါတယ်။ ပျော်ရွှင်စရာကောင်းပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီပြိုင်ပွဲသည်ဟာ ကိုယ့်ဘဝထဲက သူငယ်ချင်းတွေရဲ့ အရေးပါပုံကို အမြဲသတိတရ တန်ဖိုးထားတတ်ဖို့၊ အတွေ့အကြုံတွေ အပြန်အလှန်ဝေမျှရင်း ခင်မင်ရင်းနှီးမှု ပိုတိုးပွားလာစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့်သူဟာ အဆင့်နှစ်ဆင့် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ကိုရွေးပြီး သူ့ရဲ့ ကောင်းကွက်တွေ၊ အမြဲယုံကြည်အားကိုးရတာတွေကို ရေးသားထားတဲ့ စာနဲ့အတူ ဓာတ်ပုံ (သို့) ဗီဒီယို တစ်ခုကိုပါ ရိုက်ကူးရမှာပါ။ ပြီးရင်တော့ အဲဒီစာနဲ့ ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယိုကို ဧပြီလ ၂ ရက်နေ့ ကနေ ဧပြီလ ၉ ရက်နေ့အတွင်း Huawei Myanmar Facebook ရဲ့ အခု ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ပို့စ်ရဲ့အောက်မှာ #Yseries #အထာကျတဲ့ဘော်ဒါတွေအတွက် #HuaweiY92018 စတဲ့ Hashtag တွေထည့်ပြီး comment ရေးသားရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစည်းမျဉ်းနဲ့ အကိုက်ညီဆုံး ပြိုင်ပွဲဝင်တွေကို သရုပ်ဆောင် မင်းသွေး၊ Myanmar Media 7 ရဲ့ တည်ထောင်သူ ကိုဝင်းမင်းမောင်နဲ့ Huawei က တာဝန်ရှိသူ တစ်ဦးတို့ကနေ ဆန်ကာတ င် ရွေးချယ်ပြီး အနိုင်ရရှိတဲ့သူကို ဧပြီလ ၁၇ ရက်နေ့မှာ ကြေညာကာ Y9 2018 နှစ်လုံး ပေးအပ်သွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်လက်တွေကို Huawei Myanmar Facebook စာမျက်နှာမှာလည်း ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။

Huawei Y9 (2018) ပါဝင်တဲ့ Huawei Y-series အသစ်ကို မကြာသေးခင်ကပဲ မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာနဲ့ အရည်အသွေးကောင်းမွန်လှတဲ့ ကင်မရာက လှပသပ်ရပ်တဲ့ Selfie တွေ ရိုက်ကူးလိုသူ လူငယ်တွေအတွက် နှစ်သက်စရာ ဖြစ်လာမှာပါ။

Huawei Y9 (2018) မှာ ကင်မရာ လေးလုံးပါဝင်နေပြီး Selfie ဓာတ်ပုံတွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ 16MP နှင့် 2MP အရှေ့ကင်မရာ နှစ်လုံးအပြင် 13MP နှင့် 2MP ရှိတဲ့အနောက် ကင်မရာ နှစ်လုံးတို့ ပါဝင်လာတာ ဖြစ်ပါတယ်။ ၅.၉၃ လက်မ အကျယ် မျက်နှာပြင် (1080×2160 pixel resolution) ၊ ကြာရှည်ခံမယ့် 4000 mAh ဘက်ထရီနဲ့ Android 8.0 (Oreo) ကို အခြေခံထားတဲ့ EMUI 8.0 ပါလာမယ့် Y9 (2018) က သုံးစွဲသူတွေအတွက် ဆန်းသစ်တဲ့ ရွေးချယ်စရာတစ်ခု လို့ ဆိုရမှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top