ယူရိုပါလိဂ်ဆင်းကစားရမယ့် အင်တာတိုက်စစ်မှူး လူကာကူကို လှောင်ပြောင်ခဲ့တဲ့ လုခ်ရှော

yyl-026-4.jpg

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အင်တာမီလန်အသင်း ထွက်ခဲ့ရပြီး ယူရိုပါလိဂ် ဆင်းကစားရမယ့်နောက်မှာ မန်ယူနောက်ခံလူ လုခ်ရှောက မန်ယူအသင်းဖော်ဟောင်း လူကာကူကို လှောင်ပြောင်ခဲ့ပါတယ်။ အင်တာမီလန်ဟာ ဘာစီလိုနာကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အဆင့်(၃)နေရာပဲ ရပ်တည်နိုင်ခဲ့တဲ့အတွက် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ကစားရမှာဖြစ်ပါတယ်။

အင်တာမီလန်တိုက်စစ်မှူးလူကာကူက UCL လို့ ရေးပြီးတင်ထားတဲ့ ဓာတ်ပုံကို လုခ်ရှောက သူ့ရဲ့တွစ်တာအကောင့်မှာ တင်ပြီး ”ပြန်လည်ကြိုဆိုပါတယ်”လို့ ရေးသားထားပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူကနေ အင်တာမီလန်ကို ပြောင်းရွှေ့ကစားနေပြီး အင်တာမီလန်မှာ ခြေစွမ်းပြနေသူပါ။ လာမယ့်တနင်္လာနေ့ကျရင် ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ နောက်တစ်ဆင့်အတွက် မဲခွဲပွဲကျင်းပမှာဖြစ်ပြီး အင်တာမီလန်နဲ့ မန်ယူအသင်း တွေ့ဆုံနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top