အမေရိကန်သမ္မတတွေထဲမှာ တတိယမြောက် စွဲချက်တင်ခံရသူဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်

yyl-013-14.jpg

အောက်လွှတ်တော်မှာ စွဲချက်တင်ခံခဲ့ရတဲ့ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် စွဲချက်တင်ခံရတဲ့ တတိယမြောက် သမ္မတဖြစ်လာခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်က ဒေါ်နယ်ထရမ့်ကို အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော်ကို နှောင့်ယှက်ဟန့်တားမှု စတဲ့ စွဲချက်(၂)ခုနဲ့ စွဲချက်တင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၈ နာရီခွဲအချိန်က အောက်လွှတ်တော်မှာ အာဏာအလွဲသုံးစားလုပ်မှုအတွက် စွဲချက်တင်သင့်၊ မတင်သင့် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒင်ကို စုံစမ်းစစ်ဆေးပေးဖို့ ယူကရိန်းသမ္မတ ဇီလင်စကီးကို ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခံထားရသူပါ။ အဲဒီမဲခွဲမှုမှာ ထောက်ခံမဲ ၂၃၀၊ ကန့်ကွက်မဲ ၁၉၇ မဲရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒီမိုကရက်တစ်လွှတ်တော်အမတ် ၂ ယောက်က ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။ လွှတ်တော်ကို နှောင့်ယှက်ဟန့်တားမှုအတွက် မဲခွဲမှုမှာတော့ ထောက်ခံမဲ ၂၂၉ မဲ၊ ကန့်ကွက်မဲ ၁၉၈ မဲရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်အပေါ် စွဲချက်တင်မှုတွေကို အထက်လွှတ်တော်က စစ်ဆေးမှာဖြစ်ပြီး သမ္မတရာထူးမှ ဆက်ရှိသင့်၊ မရှိသင့် ဆုံးဖြတ်မှာပါ။ ဒါပေမဲ့ အထက်လွှတ်တော်မှာ ရီပတ်ဗလစ်ကန်ပါတီဝင် လွှတ်တော်အမတ်တွေ ကြီးစိုးထားတဲ့အတွက် ဒေါ်နယ်ထရမ့်ကို သမ္မတရာထူးကဖြုတ်ချဖွယ်မရှိပါဘူး။ ဒေါ်နယ်ထရမ့်မတိုင်ခင်က အမေရိကန်သမိုင်းမှာ အန်ဒရူးဂျွန်ဆင်နဲ့ ဘီလ်ကလင်တန် စတဲ့ သမ္မတ(၂)ယောက် စွဲချက်တင်ခံရဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top