အဏုမြူဗုံးကြဲခံရချိန်မှာ မပြိုဘဲကျန်ရစ်ခဲ့တဲ့ ဟီရိုရှီးမားမြို့ အဆောက်အအုံ ၂ လုံးကို ဖြိုချမယ်

yyl-012-14.jpg

၁၉၄၅ ခုနှစ်မှာ အဏုမြူဗုံးကြဲခံရချိန်က မပြိုဘဲ ကျန်ရစ်ခဲ့တဲ့ အဆောက်အအုံနှစ်ခုကို ဖြိုချဖို့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အာဏာပိုင်တွေက စီစဉ်နေပါတယ်။ ၁၉၁၃ ခုနှစ်က တည်ဆောက်ခဲ့တဲ့ တိုက်တန်းလျား ၂ ခုကို အစောပိုင်းက စစ်ဝတ်စုံထုတ်လုပ်ရေးစက်ရုံအဖြစ် အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တက္ကသိုလ်ကျောင်းသားတွေ အဆောင်ဖြစ်လာခဲ့ပါတယ်။ ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲခံရချိန်က အဲဒီတိုက်တန်းလျား ၂ ခုကို ယာယီဆေးရုံအဖြစ် အသုံးပြုခဲ့ပါတယ်။

အဏုမြူဗုံး ကြဲခံရချိန်မှာ ဟီရိုရှီးမားမြို့ တစ်မြို့လုံးနီးပါး ပြိုလဲပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က လေ့လာမှုအရဆိုရင် ဗုံးကြဲခံရတဲ့ ဗဟိုချက်ကနေ ၅ ကီလိုမီတာပတ်လည်အတွင်း အဆောက်အအုံဟောင်း ၈၅ ခုပဲ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုဖြိုချဖို့ စီစဉ်နေတဲ့ တိုက်တန်းလျားဟာ သံကူကွန်ကရစ်(Reinforced Concrete)နဲ့ တည်ဆောက်ထားလို့ မပြိုဘဲကျန်ရစ်ခဲ့တာပါ။ လက်ရှိအချိန်မှာ ဒီအဆောက်အအုံကို အသုံးပြုခြင်းမရှိသလို အများပြည်သူ လေ့လာနိုင်ဖို့ ဖွင့်လှစ်ပေးထားတာလည်း မရှိပါဘူး။ ဒီအဆောက်အအုံဟာ အင်အားပြင်းငလျင် လှုပ်ခတ်ရင် ပြိုကျနိုင်လို့ ၂၀၂၂ ခုနှစ်မှာ ဖြိုချဖို့ ဒေသဆိုင်ရာ အစိုးရက ဆုံးဖြတ်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top