စိတ်ကူးအိပ်မက်လှလှလေးပိုင်ဆိုင်ထားတဲ့ မသန်စွမ်းမိန်းကလေး

intl491902.jpg

ဗီယက်နမ်နိုင်ငံ၊ ဟွေမြို့ရဲ့တောင်တန်းဒေသမှာ နေထိုင်တဲ့ အသက် (၂၇) နှစ်အရွယ် Huynh Thi Thanh ဆိုတဲ့ မိန်းကလေးဟာ မွေးရာပါ ခြေလက်အင်္ဂါမသန်စွမ်းသူတစ်ယောက်ပါ။ သူဟာ အသက် (၆၇) နှစ်အရွယ်မိခင်ကြီးနဲ့အတူ နေထိုင်တာဖြစ်ပြီး ခြေလက်အင်္ဂါတွေက မသန်စွမ်းတဲ့အတွက် လှုပ်ရှားရတာမလွယ်ကူသလို စကားပြောရမှာလည်း အခက်အခဲရှိပါတယ်။ သူ့မိခင်ကပဲ သူ့ဘေးမှာနေပြီး သူ့ဝေယျာဝေစ္စတွေကို နေ့တိုင်းလုပ်ပေးရပါတယ်။

Thanh က သူ့ခြေထောက်တွေကိုသုံးပြီး ပန်းချီဆွဲဖို့နဲ့ သူ့မိခင်အပိုဝင်ငွေရအောင် သူ့ပန်းချီကားတွေကို ရောင်းချဖို့ဆိုတဲ့စိတ်ကူးအိပ်မက်လှလှလေးရှိပါတယ်။ သူ့အမေက သူ့ကိုမျက်စိရှေ့က အပျောက်မခံဘဲ နေ့တိုင်းဂရုစိုက်ပေးရတဲ့အတွက် သူကအခုလို အိပ်မက်လေးရှိခဲ့တာပါ။ သူ့မိခင်ကို သူတတ်စွမ်းသလောက် တစ်ဖက်တစ်လမ်းက ကူညီပေးချင်ခဲ့ပါတယ်။

Thanh က ကြမ်းပြင်ပေါ်မှာ လဲလျောင်းရင်း သူ့ခြေထောက်နဲ့ ရောင်စုံခဲတံတွေယူပြီး ပန်းချီဆွဲရပါတယ်။ သူ ဆွဲတဲ့ပုံတွေက အရောင်အသွးစုံလင်သလို အပြစ်လည်းကင်းစင်ပါတယ်။ သူ့မှာမရှိတဲ့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုကို ဖော်ညွှန်းနေတဲ့ ပုံတွေကိုလည်းဆွဲခဲ့ပါတယ်။ သူက ပုံတွေကို စိတ်ခံစားချက်မျိုးစုံနဲ့ ဆွဲတာပါ။ သူ့ခြေထောက်က ပုံဆွဲတဲ့နေရာမှာ တော်တော်လေးကို စွမ်းဆောင်နိုင်ပြီး ပုံဆွဲနေတဲ့ သူ့ကိုမြင်ရတာ ဂရုဏာသက်မိစေပါတယ်။

သူ့အမေက “သမီး ဘာလို့ ပုံတွေဆွဲနေတာလဲ” လို့မေးရင်း “ဆန်နဲ့အခြားအရာတွေဝယ်ဖို့ အမေ့ကို ကူညီပေးချင်လို့ပါ” လို့ Thanh ကဖြေရှာပါတယ်။ တစ်ခါတရံ သူ့အမေက သူ့သမီး ခွန်အားတတ်စေဖို့နဲ့ နေ့တိုင်းပျော်ရွှင်နေဖို့အတွက် ပုံတွေရောင်းတာ ပိုက်ဆံတွေအများကြီးရတယ်လို့ ညာပြောခဲ့ရပါတယ်။ သူက လူငယ်စေတနာဝန်ထမ်းအဖွဲ့အစည်းမှာ ပါဝင်လုပ်ဆောင်လေ့ရှိပါတယ်။ တကယ်တော့ အရင်က သူ့မှာ နောက်ထပ်သမီးတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီသမီးက Thanhရဲ့အမြွှာအစ်မဖြစ်ပြီး သူ့လိုမွေးရာပါရောဂါကြောင့်ပဲ ဆုံးပါးသွားခဲ့ရပါတယ်။

Ref: Boredpanda “Disabled 27-Year-Old Draws With Her Feet Every Day To Help Out Her Dedicated Mother In Everyday Life”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply