ONE Championship ပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်မြင်တွေ့ရဦးမယ့် အောင်လအန်ဆန်

yyl4091001.jpg

မြန်မာစပါးအုံး အောင်လအန်ဆန်ရဲ့ ပရိသတ်‌တွေအ‌နေနဲ့‌ သူ့ရဲ့ပွဲစဉ်တွေကို ဆက်ပြီးအားပေးခွင့်ရ‌ှိ‌‌လာကြဦးမှာပါ။ ဘာကြောင့်လဲဆိုရင်‌တော့ ONE Championship က အောင်လအန်ဆန်ကို ပွဲစဉ် (၁၀) ပွဲယှဉ်ပြိုင်ဖို့စာချုပ်အသစ်တစ်ခုနဲ့ ထပ်မံကမ်းလှမ်းခဲ့လို့ပါပဲ။

အမေရိကန်နိုင်ငံဈေးကွက်အထိ ထိုးဖောက်ဖို့ပြင်ဆင်နေတဲ့ ONE Championship ဟာ သူတို့ရဲ့ ထိပ်တန်းကစားသမားတွေကို ဆက်ထိန်းထားလိုတာကြောင့် ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်သူ ‌အောင်လအန်ဆန်ကိုလည်း အခုလို စာချုပ်သစ်ထပ်မံချုပ်ဆိုလိုက်တာပါ။

အောင်လအန်ဆန်ကလည်း ဒီကမ်းလှမ်းမှုကိုလက်ခံခဲ့ပြိး စာချုပ်မှာလက်မှတ်‌‌ရေးထိုးခဲ့ကာ အခုလို သူ့အပေါ် ယုံကြည် အခွင့်အရေးပေးတာကို ကျေးဇူးတင်ဂုဏ်ယူမိကြောင်းပြောခဲ့ပါတယ်။ တခြားကိုယ်ခံပညာအဖွဲ့အစည်းတွေနဲ့ကွဲပြား‌နေတဲ့ ONE Championship ရဲ့ ကိုယ်ခံပညာအားကစားအပေါ်ရှုမြင်ချဉ်းကပ်မှု၊ ‌လေးစားမှုနဲ့ တန်ဖိုးထားမှု‌တွေကို သဘောကျယုံကြည်တာကြောင့် စာချုပ်သစ်ကိုလက်ခံခဲ့တာလို့လည်း သူကဆိုပါတယ်။

ONE မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ဟာ လာမယ့် အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံမှာကျင်းပသွားမယ့် ONE Championship ရဲ့အကြိမ် (၁၀၀) ‌မြောက်ပြိုင်ပွဲ CENTURY မှာ သူ့ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ ONE ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗဲရာ (Brandon Vera ) နဲ့ ယှဉ်ပြိုင်‌ထိုးသတ်သွားမှာဖြစ်ပါတယ်။

“ဒိုင်အဆုံးအဖြတ်နဲ့ အရှုံး အနိုင်ဆုံးဖြတ်ရတဲ့အထိမပြိုင်ချင်လို့ အလဲထိုးဖို့အခွင့်အရေးကို အမြဲရှာပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်နိုင်ထားတဲ့ (၂၅) ပွဲမှာ အလဲထိုးနိုင်ခဲ့တာ (၂၃) ပွဲရှိနေတာပေါ့” လို့ ‌အောင်လအန်ဆန်က‌ဆိုခဲ့ပြီး “သူ့ကို (၃) ချီအတွင်းမှာ အလဲထိုးမှာပါ” လို့ ဗီရာနဲ့ထိုးသတ်မယ့်ပွဲအတွက် သူရည်မှန်းထားတာ ဖွင့်ဟ‌ခဲ့ပါတယ်။

Ref: Aung La N Sang, MMA Junkie

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top