အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က သစ်တောထဲမှာ ရှားပါးတဲ့ ခေါင်းနှစ်လုံး ခလောက်မြွေသားပေါက်တစ်ကောင် တွေ့ရှိခဲ့ပါတယ်။ Double Dave လို့ အမည်ပေးထားတဲ့ ခလောက်မြွေကို ပြီးခဲ့တဲ့လက တွေ့ရှိခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဖမ်းလာခဲ့တာပါ။ ခေါင်းတစ်လုံးချင်းစီက သီးခြားလှုပ်ရှားပြီး မျက်စိ ၄ လုံး၊ နှစ်ခွဖြစ်နေတဲ့ လျှာနှစ်ချောင်း ပါပါတယ်။
”တောထဲမှာဆိုရင် ဒီမြွေ အသက်ရှင်ဖို့ ခက်ခဲတယ်။ သူ့ကို ကျွန်တော်တို့ ကျွေးမွေးစောင့်ရှောက်သွားမယ်”လို့ သဘာဝပတ်ဝန်းကျင်သမား ရှနိုက်ဒါက ပြောပါတယ်။ သန္ဓေသားလောင်း ဖွံ့ဖြိုးလာချိန်မှာ မျိုးဗီဇတူတဲ့ အမြွှာသန္ဓေသားအဖြစ် စတင်ကွဲထွက်လာပေမဲ့ အပြည့်အဝမဖြစ်ပေါ်လာခင် သန္ဓေသားကွဲထွက်မှု အဆုံးသတ်သွားတဲ့အတွက် အခုလိုအခြေအနေ ဖြစ်လာတာလို့ ရှနိုက်ဒါက ပြောပါတယ်။
Nz (ရိုးရာလေး)